Sunday, May 3, 2026

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ...

ရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်မှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ...

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...
HomeNewsLocal Newsရွေးကောက်ပွဲတွင် ကျားဖြူပါတီမှ မြို့နယ်ပေါင်း...

ရွေးကောက်ပွဲတွင် ကျားဖြူပါတီမှ မြို့နယ်ပေါင်း ၂၀၆ မြို့နယ်၌ဝင်ရောက်ယှဥ်ပြိုင်မည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ မြို့နယ်ပေါင်း ၂၀၆ မြို့နယ်၌ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ယ​နေ့ ​နေ့လယ်၌ အလုံရှိ ပါတီရုံးချုပ်တွင် မီဒီယာများနှင့်​တွေ့ဆုံစဥ်ပြောသည်။

“ကျွန်တော်တို့ အဓိက ရန်ကုန်တိုင်းမှာဆိုရင် ၄၅ မြို့နယ်ဝင်ပြိုင်မယ် ဧရာဝတီတိုင်းမှာ ၂၆ မြို့နယ်၊ ပဲခူးတိုင်းနဲ့မန္တလေးတိုင်းမှာ ၂၈ မြို့နယ်စီ မကွေးတိုင်းမှာ ၂၅ မြို့နယ် နေပြည်တော်မှာ ၈ မြို့နယ် ရှမ်းပြည်နယ်မှာ ၄၆ မြို့နယ် ဝင်ပြိုင်သွားမှာပါ”ဟု ကျားဖြူပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းကပြောသည်။

ရှမ်းပြည်နယ်၌ မြို့နယ်ပေါင်း ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်သာ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ ၉ မြို့နယ်ခန့်အား ယှဥ်ပြိုင်မည်မဟုတ်ဟု ပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်း၏ ပြောကြားချက်အရ သိရသည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၁၀ ပြည့်နှစ်ထဲက ရွေးကောက်ပွဲလုပ်လို့မရဘူး။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ၂ မြို့နယ်မှာလည်း ဝင်ရောက်ယှဥ်ပြိုင်မှာ မဟုတ်ပါဘူး။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ ဝင်ပြိုင်သွားပါမယ်”ဟု ကျားဖြူပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းကပြောသည်။

ထို့ပြင် နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ရာတွင် UEC မှသတ်မှတ်ထားသည့် ပါတီဝင် ၁ သိန်းရှိရမည်ဆိုသည့် သတ်မှတ်ချက်မှာ ကျားဖြူပါတီအတွက် အခက်အခဲတစ်စုံတစ်ရာမရှိဟုလည်း ပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းကဆိုသည်။

“ပါတီဝင် ၁ သိန်းဆိုတာက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကျားဖြူပါတီက အရင်ထဲက ပါတီဝင် ၂ သိန်းကျော်ရှိတယ် ။မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ရုံးခန်းတွေဖွင့်ရမယ်ဆိုတာကလည်း ကျွန်တော်တို့က ရှမ်းပြည်နယ်မှာတင် ရုံးခန်းပေါင်း ၄၀ ကျော်အဆင်သင့်ရှိထားပြီးပါပြီ။ ကျားဖြူပါတီက ရုံးခန်း ၁၆၅ ရုံးလုံးဖွင့်သွားနိုင်မှာပါ” ဟု ကျားဖြူပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းကပြောသည်။

ကျားဖြူပါတီအနေဖြင့် လက်ရှိအချိန်၌ တိုင်းရုံးများအား ဖွင့်လှစ်လျက်ရှိကာ ပါတီရုံးခန်းများဖွင့်လှစ်ရာတွင် လုံခြုံရေးအခြေအနေမကောင်းသည့် မြို့နယ်များတွင် ရုံးခန်းဖွင့်လှစ်ရန် အခက်အခဲသာရှိသည်ဟု ပါတီ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်း၏ ပြောကြားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်

ယနေ့ (မေလ (၂)ရက်) ၊ ညနေပိုင်း၌ မအူပင်မြို့တွင် လေပြင်းတို-က်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြ-တ်တေ-ာက်နေကြောင်း သိရသည်။ အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ လျှပ်စစ်ဓါတ်အားပို့လွှတ်ပေးနေသော ၃၃ကေဗွီဓါတ်အားလိုင်းတိုင်များဖြစ်ကြောင်း သိရသည်။ ကျိုက်လတ်-မအူပင် ၃၃ကေဗွီ ဓါတ်အားလိုင်းသည် ယနေ့ ညနေပိုင်းတွင် တိုက်ခတ်သည့်လေကြောင့် သစ်ပင်ပိ၍ အိုင်၀ိုင်း /တိုးမာလာလမ်းထိပ်တွင် ၃၃ကေဗွီ တိုင်၄လုံးကျိုးသွားပါသဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း မအူပင်မြို့နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဖော်ပြထားသည်။ ``မီးတိုင်တွေကျိုးပြီးလမ်းပေါ်ကိုဓါတ်ကြိုးတွေကျနေတယ်၊ လမ်းလည်းပိတ်နေတယ် ၊ တိုးမာလာလမ်းထိမ်မှာပါ "ဟု မအူပင်မြို့မှ ဒေသခံတစ်ဦးက ပြောကြောင်းသိရသည်။ မအူပင်မြို့တွင် မေလ (၂)ရက်နေ့၊ ညနေပိုင်း၌...

ရန်ကုန်မြို့တွင်းကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

ကားလမ်းများလမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်မှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းနှင့် ပလက်ဖောင်းကြား၌ အရိပ်ရပင်များစိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေ ထီးလမ်း၊ ကနောင်မင်းသားကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးဆောင်ရွက်ထားမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ်လျှောက် ရေနုတ်မြောင်းများအဆင့်မြှင်တင်လျက်ရှိမှု၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားတိုင်များအားရွှေ့ပြောင်းထားမှုနှင့် လမ်းများအဆင့်မြှင့်တင်တိုးချဲ့ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၊...

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ " လှိုင်သာယာမြို့နယ်သန့်ရှင်းသာယာလှပဖို့၊ ရေစီးရေလာများကောင်းမွန်ဖနု့နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင်အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ရဲ့မြို့ပြစနစ် စနစ်တကျဖြစ်စေဖို့အတွက် Town Plan ကိုစနစ်တကျတွက်ချက်ရေးဆွဲဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ရန်၊ ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများ ကွင်းဆင်းသုတေသနပြုဆောင်ရွက်ရန်၊ ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာမှုရှိစေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071