Sunday, December 28, 2025

နိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်...

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...
HomeNewsLocal Newsရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်...

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့် နိုင်ငံတကာအဖွဲ့များ နေပြည် တော်သို့ရောက်ရှိလာ

မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် မြန်မာနိုင် ငံ၏ ရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာရန် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့နှင့် ရုရှားနိုင်ငံ ဗဟိုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦး ဆောင်သောအဖွဲ့တို့ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ အာရှရေးရာအထူးကိုယ်စား လှယ် Mr. Deng Xi Jun ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဒု-ဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့၊ ဗီယက်နမ်နိုင်ငံမှ နိုင်ငံ တကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc Thinh ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar ဦးဆောင်သောအဖွဲ့တို့လည်းပါဝင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မ ရှင် ဒု-ဥက္ကဋ္ဌ Mr. Alexei BASHAN ဦးဆောင်သောအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario jose Armengol Campos ဦးဆောင်သောအဖွဲ့တို့မှာလည်း ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်က နေ ပြည်တော်သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်(၁) ဗိုလ်မှူး ကြီးရဲမိုး၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ကြိုဆိုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071