စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၇/၂၀ ၂၅)ကို စက်တင်ဘာလ (၅)ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပစဥ် ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းကာ ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်တွေကို တာဝန်ကျေပွန်စွာဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ မကြာမီကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင် ရွက်သွားကြဖို့ လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေး မြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတ က်စေရန်နှင့် MSME လုပ်ငန်းများ အောင်မြင်အောင်အလေး ထား ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင်/ယင်းမာပင်ခရိုင်/ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခ ရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် အခြေအနေများအား ရှင်းလင်းတင်ပြကြ ကြောင်း သိရသည်။
