ယခုနှစ်အတွင်း ကျင်းပရန်ရှိနေသည့်အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယနေ့ (ဩဂုတ်၁၄)က ပြောသည်။
(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံကို ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအပြင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပြောကြားခဲ့ကြသည် ဟု သိရသည်။
