Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeMoviesရွာထဲမှ ၃ ဦးအား...

ရွာထဲမှ ၃ ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအထွက်တွင်သေနတ်ဖြင့်ပစ်သတ်ခဲ့

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျီးပင်ကန်ကျေး ရွာနေ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား လက်နက်ကိုင်အဖွဲ့ဝင်များက မတ် ၁၂ ရက် (ယနေ့)နံနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးသည် မြင်းခြံမြို့နယ်၊ကျီးပင်ကန်ကျေးရွာသို့ရောက်ရှိလာပြီးနောက် ကျေးရွာနေ ဦးညွှန့်ဇော်(၄၅)နှစ်၊ဦးကျော်ဌေး(၆၅)နှစ်နှင့်ဒေါ်ခင်အေး(၆၅)နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ကျီးပင်ကန်ကျေးရွာ မြောက်ဘက်အထွက်အရောက် ဖမ်းဆီးခေါ်ဆောင်လာသူ ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ဦးညွှန့်ဇော်၏ နဖူးတွင်ကျည်ဖောက်ဝင်၊ဦးကျော်ဌေး၏ နဖူးနှင့်ပါးစပ်တို့တွင်ကျည်ဖောက်ဝင်နှင့် ဒေါ်ခင်အေး၏ ဦးခေါင်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်သိသိချင်းကယ်တင်ဖို့ကြိုးစားခဲ့ပါတယ် သေဆုံးတဲ့လူတွေနားကနေ 9 mm Luger ကျည်ခွံတွေသိမ်းဆည်းရမိခဲ့ပါတယ် သေဆုံးသူ ၃ ယောက်မှာ ဦးညွှန့်ဇော်က စျေးရောင်းတယ်။ ဦးကျော်ဌေးက တောင်သူ ၊ဒေါ်ခင်အေးကတော့ မှီခိုပေါ့ ။ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း...

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ "စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့မှာ စက်သုံးဆီဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် စက်သုံးဆီသယ်ယူ ရောင်းချမှုအဆင်ပြေချောမွေ့စေရေးနဲ့ စက်သုံးဆီသယ်ယူရောင်းချရာမှာအခက်အခဲ၊လိုအပ်ချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးဖို့အတွက် အခုအစည်းအဝေးကို ကျင်းပရတာ ဖြစ်ပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်တွေကလည်း မိမိတို့ဆိုင်က ရောင်းချဖို့ စက်သုံးဆီတွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071