Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalရောဂါဆိုး သုံးမျိုးတိုက်ဖျက်ရေးအတွက် ထောက်ပံ့ငွေဘီလီယံချီပေးအပ်ရန်...

ရောဂါဆိုး သုံးမျိုးတိုက်ဖျက်ရေးအတွက် ထောက်ပံ့ငွေဘီလီယံချီပေးအပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကတိပြု

ရောဂါဆိုး သုံးမျိုးတိုက်ဖျက်ရေးအတွက် ထောက်ပံ့ငွေဘီလီယံချီပေးအပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကတိပြု

ကမ္ဘာ့ခေါင်းဆောင်များသည် ရောဂါိ ဆိုးများဖြစ်သည့် အေ့ဒ်စ်၊တီဘီနှင့်ငှက်ဖျားရောဂါများကို တိုက်ဖျက်ရန်ကြိုးပမ်းနေကြစဉ် ကိုဗစ်ကပ်ရောဂါကြောင့် တိုးတက်မှုလမ်းကြောင်းလွဲသွားပြီးနောက် အဆိုပါရောဂါများတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့က ကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံအား သုံးစွဲရန်ကတိပြုခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ယခုဆွေးနွေးမှုအားဦးဆောင်ကျင်းပသည့် ကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အဆိုပါရန်ပုံငွေသည် ရောဂါများကိုတိုက်ဖျက်ရန်အရေးကြီးသည်ဟုပြောကြားခဲ့သည်။

“အခုအစီအစဉ်ဟာ လူပေါင်းသန်း ၂၀ ရဲ့အသက်ကိုကယ်တင်မယ့်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး လာမယ့်လေးနှစ်အတွင်းမှာ ဒီရောဂါတွေကြောင့်အသက်ဆုံးရှုံးရသူ ၆၄ ရာခိုင်နှုန်းလောက်ကိုလျှော့ချနိုင်မှာဖြစ်ပါတယ်” ဟု သမ္မတဘိုင်ဒင်ကထပ်မံပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း နောက်ထပ်ရန်ပုံ ငွေကန်ဒေါ်လာ ၆ ဘီလီယံကို ကတိပြုသွားမည်ဟုလည်း ယခင်ကပြောကြားခဲ့သည်။ဂျီနီဗာအခြေစိုက် အစိုးရ၊ပုဂ္ဂလိကမဟာမိတ်အဖွဲ့ဖြစ်သည့် အဆိုပါရန်ပုံငွေအဖွဲ့သည် အစိုးရများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှလာမည့်သုံးနှစ်အတွက် ရန်ပုံငွေကန်ဒေါ်လာ ၁၈ ဘီလီယံကိုရှာဖွေနေခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညီလာခံမတိုင်မီပင် စုစုပေါင်းလိုအပ်နေသည့်ပမာဏ၏ သုံးပုံတစ်ပုံထက်ပို၍ရရှိထားပြီးဖြစ်သည်။

အလှူငွေများပိုမိုမျှော်လင့်ထားသောကြောင့် ကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံပမာဏသို့တိုးလာနိုင်ဖွယ်ရှိသည်ဟု Global Fund ကပြောကြားခဲ့သည်။

“မာလာဝီအစိုးရနဲ့ပြည်သူတွေအတွက်ကတော့ ဒါဟာညီလာခံတစ်ခုမဟုတ်ပဲ အသက်ကယ်အစီအစဉ်တစ်ခုပါပဲ” ဟု မာလာဝီသမ္မတ Lazarus Chakwera ကပြောကြားခဲ့ပြီး ကန်ဒေါ်လာ ၁ သန်းပါဝင်မည်ဟုလည်း ကတိပြုခဲ့သည်။UNAIDS ၏အဆိုအရ ၂၀၂၁ ခုနှစ်၌ မာလာဝီတွင် အရွယ်ရောက်ပြီးသူနှင့်ကလေးပေါင်း ၉၉၀,၀၀၀ တွင် HIV ရောဂါပိုးရှိနေကြောင်းသိရှိရပြီး တီဘီရောဂါသည်လည်း မာလာဝီ၏အဓိကပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်သည်ဟုသိရှိရသည်။

ဥရောပကော်မရှင်အကြီးအကဲ အူစလာဗွန်ဒယ်လီရန် ကလည်းရန်ပုံငွေအတွက် ယူရို ၇၁၅ သန်း၊ပြင်သစ်သမ္မတအမန်နူရယ်မာခရွန်က နောက်ထပ်ယူရိုသန်း ၃၀၀ ထပ်မံပါဝင်ခဲ့ပြီး စုစုပေါင်းပြင်သစ်၏ထည့်ဝင်ငေွ ၁ ဒသမ ၆ ဘီလီယံအထိဖြစ်လာခဲ့သည်။နိုင်ဂျီးရီးယားမှ ကန်ဒေါ်လာ ၁၃ ဒသမ ၂ သန်းနှင့် နယ်သာလန်မှ ယူရို သန်း ၁၈၀ အပါအဝင် အင်ဒိုကလည်း ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းအသီးသီးပေးအပ်ခဲ့ကြသည်။

ရန်ပုံငွေအဖွဲ့၏ ၂၀၂၂ ခုနှစ်အစီရင်ခံစာအရ ကုသမှုနှင့်ကာကွယ်ရေးကြိုးပမ်းမှုများရောက်ရှိမှုကြောင့် ၂၀၂၀ ပြည့်နှစ်က လူနာဦးရေသည် အနှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်ကျဆင်းသွားခဲ့သော်လည်း ကိုဗစ်ကြောင့်ထိထိမိမိဆက်လက်မလုပ်ဆောင်နိုင်ခဲ့သဖြင့် မနှစ်ကပြန်လည်မြင့်တက်လာခဲ့ကာ ကမ္ဘာကြီးသည်လည်း အဆိုပါရောဂါများကိုအမြစ်ပြတ်ချေမှုန်းနိုင်သည့်လမ်းကြောင်းပေါ်မရောက်သေးဟုပြောကြားခဲ့သည်။

သို့သော်အဆိုပါရန်ပုံငွေအဖွဲ့စတင်တည်ထောင်ချိန် ၂၀၀၂ ခုနှစ်မှစကာ လူပေါင်းသန်း ၅၀ ခန့်အားအသက်ကယ်တင်နိုင်ခဲ့သည်ဟုဖော်ပြထားသည်။

Source –Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071