Wednesday, June 4, 2025

ယခုလအတွင်း ထိပ်တို-က်တွေ့ဆုံကြမည့် မြန်မာ-ပါကစ္စတန် ခြေစမ်းပွဲ

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယခုဇွန်လ(၁၀)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာ-ပါကစ္စတန် အသင်းတို့ ထိပ်တို-က်တွေ့ဆုံကြမည် ဖြစ်သည်။ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်...

အသင်းပေါင်း (၅၀) ဝင်ရောက်ယှဉ်ပြိုင်မည့် IMANE...

အသင်းပေါင်း (၅၀) ဝင်ရောက်ယှဉ်ပြိုင်မည့် IMANE Futsal Amateur Cup 2025 ပြိုင်ပွဲကို ဇွန်လ (၄) ရက်တွင် စ...

ဝန်းသိုမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်...

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ဇွန်လ (၃)ရက်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဝန်းသိုမြို့ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို)...

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...
HomeInternationalရေအောက်ရှိ ထိုင်းစစ်သင်္ဘောထံမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား...

ရေအောက်ရှိ ထိုင်းစစ်သင်္ဘောထံမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား အကောင်းပကတိပြန်ဆယ်ယူရရှိ

ဘန်ကောက်၊ဖေဖော်ဝါရီ ၂၆

ထိုင်းပင်လယ်ပြင်တွင် ၂၀၂၂ ခုနှစ်က နစ်မြုပ်သွားခဲ့သော ထိုင်းတော်ဝင်ရေတပ်မှ HTMS Sukhothai စစ်သင်္ဘောအား အမေရိကန်ရေတပ်နှင့်ထိုင်းတော်ဝင်ရေတပ်တို့၏ ပူးပေါင်းဆယ်ယူမှုလုပ်ငန်းတတိယမြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် စာရွက်စာတမ်း အထောက်အထားအချို့အား နစ်မြုပ်သင်္ဘောပျက်ထဲမှ ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပစ္စည်းများအား ပူးတွဲရေငုပ်ရှာဖွေရေးအဖွဲ့က သင်္ဘော၏အဓိက အင်ဂျင်ခန်းအပေါက်တစ်ဝိုက်တွင် ရှာဖွေနေစဉ် တွေ့ရှိခဲ့ခြင်းဟု တော်ဝင်ရေတပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီရူဒွမ်မောင်းဂျင်ကပြောကြားခဲ့သည်။

ရေငုပ်အဖွဲ့က သင်္ဘောကပ္ပတိန်ခန်းနှင့် အခြားသော အခန်းငယ်များကိုလည်း တတိယမြောက်နေ့တွင် လေးကြိမ်တိုင်ရေငုပ်ရှာဖွေခဲ့ကြောင်းဆိုပြီး ထပ်မံစုံစမ်းသိရှိချက်များအရ ရေငုပ်အဖွဲ့က ဗုဒ္ဓရုပ်ပွားတော်အား စာရွက်စာတမ်း အထောက်အထားများနှင့်အတူ သင်္ဘောမာလိန်မှူးအခန်းအတွင်း ပုံစံမပျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းပါ ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်ရေတပ်မှထုတ်ပြန်သော ပုံအရ ဗုဒ္ဓရုပ်ပွားတော် မှာ ထိခိုက်ပျက်စီးမှုမရှိဘဲ မူလအတိုင်း အကောင်းပကတိရှိသည်ကိုလည်းတွေ့ရှိရသည်။

HTMS Sukhothai သင်္ဘောမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မုန်တိုင်းမိပြီး ထိုင်းပင်လယ်ကွေ့ အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၁၀၅ ဦးအနက် ၇၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၂၄ ဦး၏ ရုပ်အလေ-ာင်းများကိုတွေ့ရှိခဲ့ပြီး ငါးဦးမှာပျောက်ဆုံးနေခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန်ရေတပ်နှင့် ထိုင်းတော်ဝင်ရေတပ် ပူးပေါင်းဆယ်ယူမှုလုပ်ငန်းကို နှစ်နိုင်ငံရေတပ်များပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ရေတပ်မှကမ်းလွန်ထောက်ပံ့ရေးသင်္ဘော Ocean Valor က ဦးဆောင်ပြီး ထိုင်းနှင့်အမေရိကန်ရေတပ်တို့မှ ရေငုပ်ရှာဖွေရေးသမား ၄၉ ဦးပါရှိကြောင်းလည်းသိရသည်။

အဆိုပါရေငုပ်အဖွဲ့သည် ပူးပေါင်းဆယ်ယူမှုလုပ်ငန်း ၏ဒုတိယမြောက်နေ့တွင် နစ်မြုပ်သင်္ဘောဆိုင်းဘုတ်ပြားအား တွေ့ခဲ့ပြီးနောက် တတိယမြောက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်အား ဆယ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုလအတွင်း ထိပ်တို-က်တွေ့ဆုံကြမည့် မြန်မာ-ပါကစ္စတန် ခြေစမ်းပွဲ

၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယခုဇွန်လ(၁၀)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာ-ပါကစ္စတန် အသင်းတို့ ထိပ်တို-က်တွေ့ဆုံကြမည် ဖြစ်သည်။ မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားပြီး ပါကစ္စတန်အသင်းမှာ ဆီးရီးယားအသင်းကို(၂)ဂိုးပြ-တ်ဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာအသင်းသည် ကမ္ဘာ့အဆင့် (၁၆၂) ၌ ရပ်တည်နေပြီး ပါကစ္စတန်အသင်းမှာ ကမ္ဘာ့အဆင့်(၁၉၈)တွင်ရပ်တည်နေသည့် အသင်းဖြစ်သည်။ ယခု ဇွန်လ(၁၀)ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကို မူလက ပါကစ္စတန်အသင်းက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည်ဖြစ်‌ သော်လည်း ပါကစ္စတန်အသင်း၏ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ဒုတိယ အကျော့ပွဲစဉ်မှသာ ပါကစ္စတန်အသင်းက...

အသင်းပေါင်း (၅၀) ဝင်ရောက်ယှဉ်ပြိုင်မည့် IMANE Futsal Amateur Cup 2025 ပြိုင်ပွဲ ကျင်းပမည်

အသင်းပေါင်း (၅၀) ဝင်ရောက်ယှဉ်ပြိုင်မည့် IMANE Futsal Amateur Cup 2025 ပြိုင်ပွဲကို ဇွန်လ (၄) ရက်တွင် စ တင် ကျင်းပသွားမည်ဖြစ်ကြောင်း ဖူဆယ်ကော်မတီထံက သိရသည်။ အုပ်စုအဆင့်ပွဲစဉ်များကို ဇွန် (၄) ရက်မှ (၂၀) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက် အဆင့်ပွဲစဉ်များ၊ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲစဉ်များကိုလည်း တဆက်တည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ IMANE Futsal Amateur Cup 2025 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့်...

ဝန်းသိုမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များအား စစ်ဆေး

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ဇွန်လ (၃)ရက်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဝန်းသိုမြို့ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) ကျောင်းရှေ့လမ်းမကြီးတွင် စောင့်ဆိုင်း၍ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ မောင်းနှင်နေသော မော်တော်ယာဥ်/ မော်တော်ဆိုင်ကယ်များတွင် ယာဥ်လိုင်စင်အတု၊ နံပါတ်ပြားအတုများ တပ်ဆင်မောင်းနှင်ခြင်းရှိ/မရှိနှင့် လိုင်စင်မဲ့ယာဥ်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုင်စင်မဲ့ယာဥ် အသုံးပြု မောင်းနှင်သူများတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက အသိပေး ပြောကြားထားသည်။ ဝန်းသိုမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဥ်/ မော်တော်ဆိုင်ကယ်များ လုံးဝမရှိစေရေး စီမံချက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071