နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် လက်ရှိအချိန်တွင် ရေများပြန် လည်ကျဆင်းသွားခဲ့သဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့ သြဂုတ် ၃၀ ရက်နံ နက် ၇ နာရီခွဲမှစတင်ကာ ဇေယျာသီရိမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအလသင်းဝင်များက ဇေယျာသီရိမြို့နယ်၊ ရှားစေဗိုကျေးရွာရှိ မူလတန်းကျောင်းနှင့် ကျေးရွာဆေးပေးခန်းတို့၌တင်ကျန်ခဲ့သော ရွှံ့နွံများအားဖယ်ရှားရှင်း လင်းပေးခဲ့ကြသည်။
