ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း၌ လုပ်ငန်းများပြန် လည်လည်ပတ်နေခြင်းအား နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၁၈ ရက်ကသွားရောက်ကြည့်ရှုခဲ့သည်။
နစက ဥက္ကဋ္ဌအား ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာအ ချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လွန်းကျင်းသမိုင်းအကျဥ်းတို့ကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ လွန်းကျင်းအတွင်းကြည့်ရှုစစ်ဆေးပြီး လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများထပ်မံဖြည့်သွင်းခြင်း၊သန့်ရှင်းသပ်ရပ်မှုနှင့် ထိန်းသိမ်းမှုများစနစ်တကျဖြစ်စေရန်တို့ကို မှာကြားခဲ့သည်။
အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းအား ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလွန်လွန်းကျင်းအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဥ်(၄၉)စီးကိုလွန်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပြီးနောက် လုပ်ငန်းဆောက်ရွက်မှုများရပ်တန့်ခဲ့သည်။
ယင်း ဂျောင်ဝိုင်းရေလွန်လွန်းကျင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုမရှိသဖြင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှုများပိုမိုများပြားလာနိုင်သဖြင့် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ လုပ်ငန်းများပြန်လည်ဆောင်ရွက်နေခြင်းဖြစ်သည်။
