Saturday, December 13, 2025

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...
HomeNewsLocal Newsရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရာတွင် အသုံးပြုနိုင်ရန်...

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇဘဏ်မှ အသက်ကယ်လှေ (၁၈)စီး လှူဒါန်း

ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရန် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီး လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်ဖုန်းမုန်တိုင်းယာဂီကြောင့် စက်တင်ဘာ(၁၀) ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘောဇဘဏ်အနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အ‌‌ရေးပေါ် အစီအစဉ်များ စနစ်တကျ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်မှုများထဲမှ တစ်ခုအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ ရေဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ရန် အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီးလှူဒါန်းခဲ့ပြီး ၎င်းစက်လှေများကို အရေးပေါ် ကယ်ဆယ်ရေး အတွက်လိုအပ်သော ဒေသများသို့ ကြက်ခြေနီအသင်းမှ ဦးဆောင်၍ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့နယ် (၁၅) မြို့တို့တွင် ကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန်အတွက်လည်း ဖိုင်ဘာလှေ (၂၆) စီးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းခဲ့ပြီး ထိုဖိုင်ဘာလှေများကို ယခုလက်ရှိ ရေဘေးသင့်‌‌ဒေသများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) နှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေး ဖိုင်ဘာလှေ (၄၄) စီးဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အတွက် အရေးပေါ် ကူညီရန် ဌာနများအဖြစ် သတ်မှတ်ထားသော ဘဏ်ခွဲပေါင်း (၁၀၀) မှ တဆင့် စက်တင်ဘာ(၁၀) ရက်မှ စတင်ကာ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ လယ်ဝေး၊ တာချီလိတ်အစရှိသည့် ရေဘေးဒဏ် ပြင်းထန်စွာခံစားရသည့် နေရာဒေသများသို့ ရိက္ခာနှင့် အဝတ်အထည်၊ အိမ်သုံးဆေးဝါးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများ ကမ္ဘောဇဘဏ် ဝန်ထမ်းများက ရပ်မိရပ်ဖများ၊ ဒေသခံ ပရဟိတအသင်းများနှင့် ပူး ပေါင်း၍ ရန်ကုန်မြို့မှ နေ့စဉ်ထွက်ခွာကူညီလျက်ရှိကြောင်း လည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ ဒေသအခြေအစိုက် မွန်ညီညွတ်ရေးပါတီသာမက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့အပြင် အခြားပါတီများအ‌နေဖြင့် အောင်နိုင်ရေးဆိုင်ဘုတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071