Saturday, June 21, 2025

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန်...

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...
HomeInternationalရေဘေးသင့်ပါကစ္စတန်သို့ မင်းသမီးအင်ဂျလီနာဂျိုလီသွားရောက်

ရေဘေးသင့်ပါကစ္စတန်သို့ မင်းသမီးအင်ဂျလီနာဂျိုလီသွားရောက်

ရေဘေးသင့်ပါကစ္စတန်သို့ မင်းသမီးအင်ဂျလီနာဂျိုလီသွားရောက်

ဟာလဝတ်ဒ် နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သကဲ့သို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားသူ တစ်ဦးလည်းဖြစ်သည့် အင်ဂျလီနာဂျိုလီသည် ပါကစ္စတန်တောင်ပိုင်းရှိ ရေလွှမ်းမိုးမှုဒဏ်အဆိုးရွားဆုံးခံခဲ့ရကာ သေဆုံးသူဦးရေ ၁,၅၅၉ ဦးအထိမြင့်တက်ခဲ့သည့် ဒေသများသို့ စက်တင်ဘာ ၂၀ ရက် အင်္ဂါနေ့က ကြိုတင်အကြောင်းကြားခြင်းမရှိ သွားရောက်လည်ပတ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဇွန်လလယ်ကတည်းက ရေကြီးမှုကြောင့် လူပေါင်း ၆၉၂ ဦးသေဆုံးကာ နေအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ပြီး လူသန်းတစ်ဝက်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့်တောင်ပိုင်း ဆဒ်ပြည်နယ်၏မြို့တော် ကာရာချီရှိလေဆိပ်တစ်ခုသို့ မင်းသမီးဂျိုလီရောက်ရှိလာသည်ကို ရုပ်မြင်သံကြားအစီအစဉ်တစ်ခု၌ပြသခဲ့သည်။ယင်းနောက်သူသည် ရေဘေးသင့်ဒေသအချို့သို့သွားရောက် အားပေးခဲ့ကြောင်းဒေသခံမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။

ထင်ရှားသောနိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် IRC ၏ပြောကြားချက်အရ ဂျိုလီသည်ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံးခံခဲ့ရသော ပါကစ္စတန်ပြည်သူများအား ကူညီထောက်ပံ့ရန်သွားရောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ရေကြီးပြီးနောက် ရေမှတဆင့်ကူးစက်သောရောဂါများပါဖြစ်ပွားလျက်ရှိပြီး ဇူလိုင်လမှစ၍သေဆုံးသူ ၃၀၀ နီးပါးရှိခဲ့သည့် ဒါဒူဒေသသို့သွားရောက်ခဲ့သည့် ဂျိုလီ၏ခရီးစဉ်နှင့်ပတ်သက်၍ အစိုးရကမှတ်ချက်တစ်စုံတစ်ရာ မပြုခဲ့ပေ။လက်ရှိတွင် ရေဘေးသင့်ပြည်သူများကြားဖြစ်ပွားနေသော ရေမှတဆင့် ကူးစက်သည့်ရောဂါများအား ထိန်းချုပ်နိုင်ရန်ဆရာဝန်များကြိုးပမ်းလျက်ရှိသည်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ် သည် နူးယော့ခ်မြို့သို့ရောက်ရှိနေစဉ် ဂျိုလီက ယခုကဲ့သို့လာရောက်ခြင်းဖြစ်သည်။ဝန်ကြီးချုပ်သည် ၎င်း၏မိန့်ခွန်း၌ ရာသီဥတုပြောင်းလဲမှုကြောင့် ရေလွှမ်းမိုးမှုခံခဲ့ရသည့် ဆင်းရဲနွမ်းပါးသောနိုင်ငံ၏ ပျက်စီးဆုံးရှုံးမှုများကို အဓိကထားမီးမောင်းထိုးပြမည်ဖြစ်သည်။

ရေကြီးရေလျှံမှုများကြောင့် နိုင်ငံ၏စီးပွားရေးကို အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ (စင်္ကာပူဒေါ်လာ ၄၂ ဒသမ ၃ ဘီလီယံ) အထိပျက်စီးစေခဲ့သည်ဟု ပါကစ္စတန်ကပြောကြားခဲ့သည်။

Source – AP/sr

Photo credit – TIME OF PAKISTAN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန် အစ္စရေးသိပ္ပံပညာရှင်များ ကြိုးပမ်းနေ

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တဲလ်အဗစ်မြို့၏တောင်ဘက်စွန်း ရီဟို‌ဗို့(Rehovot)ရှိ အဆိုပါသိပ္ပံဌာနဝင်းကို ထိမှန်ခဲ့ရာ အဆောက်အအုံများစွာ ပျ-က်စီးခဲ့ပြီး မီးလေ-ာင်နေချိန်တွင်ပင် သုတေသီများ ဓာတ်ခွဲနမူနာများကို ကယ်ဆယ်ရန် အပျ-က်အစီးများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ညအချိန်တွင် ဝင်းထဲ၌ လူမရှိသဖြင့် မည်သူမျှ ထိခို-က်ဒဏ်ရာမရရှိခဲ့သော်လည်း အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး ကျန်ရှိသောအပိုင်းတွင် နံရံများပွင့်ထွက်ကာ လိမ်နေသောသတ္တုများ၊...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပေါ်လိုဒါဆေးလ်ဗာကို ခေါ်ယူထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်ယူနိုက်တက်သည် ကွာနားဖိုင်နယ်အဆင့်တွင် နှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် မတ်လ (၂၆)ရက်က ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား နည်းပြချုပ်အသစ် ရီကာဒိုဒါရိုချာနှင့် တရားဝင်လမ်းခွဲအပြီး ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ပြိုင်ပွဲအတွက် ကာလတို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကိုဆက်လက်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့) B.A ဘွဲ့ရရှိထားသူများ(သို့) B.Sc ဘွဲ့ရရှိထားသူများဖြစ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလာရောက်လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား ဇွန် ၂၀ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ IBEC ဗုဒ္ဓတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းများကိုလည်း ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071