Friday, August 7, 2026

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...
HomeInternationalရေဘေးကယ်ဆယ်‌ရေးလုပ်ငန်းများကို အာရုံစိုက်ကြရန်အန်ဝါအမိန့်ပေး

ရေဘေးကယ်ဆယ်‌ရေးလုပ်ငန်းများကို အာရုံစိုက်ကြရန်အန်ဝါအမိန့်ပေး

မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်၌ ရေဘေးဒဏ်ကြုံရသည့် ပြည်နယ် ၉ ခုအထိ ရှိနေကာ ကီလန်တန်ပြည်နယ်သည် အဆိုးဝါးဆုံးအခြေအနေဖြစ်နေပြီး ရေကြီးရေလျှံမှုများကြောင့် နေအိမ်ကိုစွန့်ခွာရသူပေါင်း ၁၀၃,၀၀၀ ခန့်ရှိလာသည်။

အစိုးရကိန်းဂဏန်းများအရ နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီအချိန်အထိ ရေဘေးလွတ်ရာ သို့ကယ်ဆယ်ခဲ့ရသူများတွင် အရှေ့ပိုင်းကမ်းရိုးတန်း ကီလန်တန်ပြည်နယ်မှ ၇၄ ရာခိုင်နှုန်းနှင့် တာရန်ဂါနုပြည်နယ်မှ ၁၉ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

ကျန်ရှိသော ၇ ရာခိုင်နှုန်းသည် နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များမှဖြစ်သည်ဟု ဆိုသည်။

ဆိုးဝါးသော ရေလွှမ်းမိုးမှုကြောင့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် အစိုးရဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအားလုံး၏ ခွင့်ခံစားမှုများကို ရပ်ဆိုင်းကာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အာရုံစိုက်ရန် ၎င်းတို့ကို ညွှန်ကြားခဲ့သည်။      

“ဝန်ကြီးတွေအားလုံးကို အခုမြေပြင်ကိုသွားဖို့ ညွှန်ကြားထားတယ်၊ ဟုတ်ပါတယ် သူတို့ခွင့်ရက်တွေကို ရပ်ဆိုင်းလိုက်ပါပြီ” ဟု အန်ဝါက ပြောဆိုကြောင်း သည်စတားသတင်းဌာနက ဖော်ပြခဲ့သည်။

ကီလန်တန်ပြည်နယ်ကို သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ် ဇာဟစ် ဟာမီဒီက ရေဘေးလွတ်ရာ သို့ ကယ်ဆယ်ပေးရသူ အရေအတွက် တိုးလာနေကြောင်းနှင့် ရေလွှမ်းမိုးမှုသည် ၂၀၁၄ ခုနှစ်က ကီလန်တန်တွင် လူဦးရေ ၂ သိန်းကျော်အထိ ရေဘေးရှောင်ခဲ့ရသော ရွှံ့ရေလွှမ်းမိုးမှုခေါ် ရေဝါလွှမ်းမိုးမှုထက် အခြေအနေပိုဆိုးကြောင်း ပြောဆိုခဲ့သည်။

မြေပြင်တွင် ယာယီတဲများ ပြတ်လပ်နေကြောင်းနှင့် အခြားပြည်နယ်များရှိ ယာယီတဲများကို ကီလန်တန်သို့ ပို့ဆောင်ပေးရန် အမျိုးသားသဘာဝဘေးအေဂျင်စီကို သူ ညွှန်ကြားထားကြောင်း ဇာဟစ်က သတင်းထောက်များကို ပြောဆိုသည်။

ရေဘေးရှောင်ရသူများကို အများအားဖြင့် စာသင်ကျောင်းများ၊ ပြည်သူ့ခန်းမများတွင် နေရာချထားပြီး ၎င်းတို့သည် သေးငယ်သော ယာယီတဲများတွင် ရေများပြန်ကျသည့်အချိန်အထိ အိပ်စက်နေထိုင်ကြရသည်။

ဆည်မြောင်းနှင့် ရေနုတ်မြောင်းဦးစီးဌာန၏ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ကီလန်တန်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ရေအမှတ်အသား ၂၇ ခုရှိသည့်အနက် ၁၇ ခုတွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည်ဟု ဆိုသည်။ အဆိုပါပြည်နယ်၏ အဓိကမြစ်နှစ်စင်းသည် မြစ်ရေလျှံနေခဲ့ပြီဟုလည်း သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု မီဒီယာတွေက ထုံးစံအတိုင်းပဲ အခြေအမြစ်မရှိတဲ့ ကောလာဟလအမှားတွေကို ဖြန့်နေကြတယ်။ ပိဟက်ဂ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်တော် အရမ်းကို ကျေနပ်အားရမိပါတယ်" လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးရလဒ်တွေမှာဆိုရင် ပိုပြီးတော့တောင် ကျေနပ်ရပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်နေတဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071