Sunday, July 27, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeNewsLocal Newsရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌ စနစ်...

ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌ စနစ် တရားဝင်စတင်လည်ပတ်

အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီလီမိတက်မှ ညွှန်ကြားမှုအရ မန္တလေးလည်ပတ်ရေးစင်တာ၏ ရေနံချောင်းသဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား‌စနစ်သည် ဒီဇင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက တရားဝင်စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စမ်းသပ်ကာလကရရှိခဲ့သည့် ဒေတာအချက်အလက်များနှင့် လက်တွေ့ရလဒ်များအရ ဆောင်းရာသီဖြစ်ပြီး နေ့တာတိုသော်လည်း တစ်နေ့တာ၏ နေရောင်ခြည်စွမ်းအင်မှရရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် စခန်း၏ တစ်နေ့တာလုံးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းသည် ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှု၏ သုညပန်းတိုင်သို့ ပထမဆုံးရောက်ရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စနစ်သည် အမြင့်ဆုံးစွမ်းအင် 170 kW အထိရရှိပြီး ဘက်ထရီတွင် လျှပ်စစ်စွမ်းအင်သိုလှောင်မှုမှာ 480 kWh ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် တည်ငြိမ်မှုနှင့်ယုံကြည်စိတ်ချရမှုရှိစေရန် “လျှပ်စစ်ဓာတ်အားကို မိမိကိုယ်တိုင်ထုတ်လုပ်ပြီး မိမိကိုယ်တိုင်အသုံးပြုခြင်းနှင့် ကျန်ရှိသော လျှပ်စစ်ဓာတ်အားကိုပိတ်ခြင်း”စနစ်အားအသုံးပြုကာ ဝိုင်ယာကြိုးများတည်နေရာနှင့် လမ်းကြောင်းများပိုမိုကောင်းမွန်ရန်ပြုပြင်လျက်ရှိကြောင်း သိရသည်။

ထို့အတူ လက်ရှိလျှပ်စစ်ဓာတ်အားခနှုန်းထားများအရ လျှပ်စစ်မီတာခကုန်ကျမှုသည် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စနစ်အတွက်ကုန်ကျစရိတ်များကို (၄)နှစ်အတွင်းပြန်လည်ရရှိနိုင်ကာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ (၃၇၄)တန်ခန့်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေနံချောင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်း၏အခြေအနေပေါ်အခြေခံ၍ စွမ်းအင်အသစ်များအသုံးချခြင်းနှင့် မြှင့်တင်ခြင်းတို့ကို ဆက်လက်မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ကုမ္ပဏီမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ထုတ်လုပ်မှုနှင့်လည်ပတ်မှုတို့ အခက်အခဲဖြစ်ပေါ်နေသဖြင့် ကုမ္ပဏီမှ နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ စခန်း၏ လျှပ်စစ်ဓာတ်အားပေးဝေရေးစနစ်ကို အဆင့်မြှင့် အသွင်ပြောင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။ ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။ အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင်...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။ ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071