ပဲခူးတိုင်း၊ ရေတာရှည်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ စက်တင်ဘာ ၇ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ရေတာရှည်မြို့၏ အနောက်-အနောက်တောင်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ စက်တင်ဘာ ၇ ရက်နံနက် ၉ နာရီ ၄၇ မိနစ် ၆ မိနစ်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၇ ရက်နံနက်ပိုင်းက နေပြည် တော်၊ ဖြူးမြို့နှင့် တောင်ငူမြို့တို့တွင်လည်း င လျင်လှုပ်ခတ်မှုအနည်းငယ်စီဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
