Monday, July 27, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ်...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...
HomeNewsLocal Newsရေတပ်တို-က်ခို-က်​ရေးဒုံးကျည်များကို မလေးရှား ရရှိတော့မည်

ရေတပ်တို-က်ခို-က်​ရေးဒုံးကျည်များကို မလေးရှား ရရှိတော့မည်

ဩဂုတ် ၂၀

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ရေတပ်တ်ို-က်ခို-က်ရေးဒုံးကျည် ၄၈ ခုကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း မလေးရှားပါလီမန်သို့ ပြောကြားခဲ့သည်။

“ဒီစီမံချက်က အ‌‌တောမသ-တ်နိုင်တဲ့ လေ့လာမှုတွေနဲ့ နှစ်အတော်ကြာအောင် နှောင့်နှေး ကြန့်ကြာနေတာကြောင့် ၂၀၂၅ မှာ ရရှိဖို့ ကျွန်တော် အထူးအလေးထားပါတယ်၊ အခုတော့ စီမံခန့်ခွဲမှုကပိုပြီးတော့ စနစ်တကျဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။

မူလတို-က်ခို-က်ရေးသင်္ဘောအစီအစဉ်သည် ပထမဆုံး စစ်သင်္ဘောကို ၂၀၁၉ ခုနှစ်တွင် စေလွှတ် တာဝန်ပေးရန်ဖြစ်သော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ကုန်ကျစရိတ် အလွန်အကျွံများလွန်ပြီး နှောင့်နှေးမှုများကို ဖြစ်စေခဲ့သည်။ အစိုးရက အဆိုပါအစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီး နောက်ပိုင်းတွင် အခြေအနေသည် တိုးတက်မှု လက္ခဏာများ ပြသခဲ့သည်။

ကေဒီ မဟာရာဂျာ လီလာ ဟု အမည်ပေးထားသည့် ပထမဆုံး ဖရီးဂိတ် စစ်သင်္ဘောကို ၂၀၂၄ ခုနှစ် မေလတွင် ရေချခဲ့ပြီး ၎င်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပင်လယ်ရေကြောင်း စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ ဒုတိယ တို-က်ခို-က်ရေးသင်္ဘောကို မေလ ၂၀၂၅ တွင် ရေချခဲ့ပြီး ပဉ္စမနှင့် နောက်ဆုံး သင်္ဘောကို ၂၀၂၉ ခုနှစ်တွင် ရေချရန် စီစဉ်ထားသည်။

တချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလတ် နိုဒင် က အရှေ့အာဆီယံ ၏ရေတပ်များကို ပြင်ပဖိအား များမှ ကာကွယ်ဖို့ ဒေသတွင်းရေပြင်ကို တစ်ခုတည်း‌သောရေပြင်အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ တို-က်တွန်းခဲ့ပါသည်။ “အာဆီယံက အခုမှ မဆောင်ရွက်ရင် ကျွန်တော်တို့ရဲ့ ရေကြောင်းတည်ငြိမ်အေးချမ်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်။ ကျွန်တော်တို့ အချုပ်အခြာအာဏာပိုင်တဲ့ ရေကြောင်းဇုန်တွေကို အင်အားကြီး တိုင်းတပါး နိုင်ငံတွေရဲ့ လက်ထဲမကျရောက်စေရဘူး” ဟု ပီနန်တွင် ကျင်းပ ပြုလုပ်သည့် ၁၉ ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးဖွင့်ပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

ခါလတ် သည် “စစ်‌ရေးမဟုတ်သောနည်းပရိယာယ်၊ တိုင်းတပါး၏ ကျုးကျော်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာ အကျပ်ကိုင်မှုနှင့် အချုပ်အခြာအာဏာ ကို ထိပါးမှု” အပါအဝင် ပြင်ပစိန်ခေါ်မှုများကြားတွင် ဗဟိုချုပ်ကိုင်မှုနှင့် ကြားနေမှုကို လက်ကိုင်ထားရန်လည်း တောင်းဆိုခဲ့သည်။

ထိုအဆိုများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများအကြား မကြာသေးမီက ထိပ်တို-က်တွေ့မှုများ ဖြစ်ပွါးပြီးနောက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၁ ရက် နေ့က တရုတ်ကမ်းခြေစောင့်တပ် ကိုဗက်တီ ‘၃၁၀၄’အမျိုးအစား ၀၅၆ သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ၀၅၂ဒီ အမျိုးအစား ဖျက်သင်္ဘော ဂူလင် ‘၁၄၆’ နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

အာဆီယံရေတပ် ရှစ်ခုမှ သင်္ဘော ၁၀ စင်းသည် တတိယအကြိမ်မြောက် အာဆီယံနိုင်ငံပေါင်းစုံ ရေတပ်လေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲလျက်ရှိပြီး မြန်မာ့ရေတပ်ကိုယ်စားပြုသင်္ဘောများဖြစ်သော ကျန်စစ်သား ဖရီးဂိတ် နှင့် ဆင်ဖြူရှင် သင်္ဘောများ ပါဝင်လာခဲ့သည်။

Ref: အာဆီယံမီလစ်ထရီရီဗျူး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၇ ရက်)မွန်းတည့် ၁၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်တဲ့ ဝဇီရာရုပ်ရှင်ရုံကြီးဟာနိုင်ငံတကာအဆင့်မီခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာတော့မှာပါ။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071