ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။
ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသို့ လက်နက်မတင်ပို့ရန် တားမြစ်ခံထားရသည့်နိုင်ငံ ဖြစ်သည်။
Ref: Khaosod