မော်စကို၊မေ ၁၂
ရုရှားနှင့်တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေး၏ ခိုင်မာသောစံနမူနာတစ်ခုဖြစ်သည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
တရုတ်သမ္မတရှီသည် ရုရှား၏ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ် နှစ် ၈၀ ပြည့်အခမ်းအနားသို့တက်ရောက်လာစဉ် ခရမ္မလင်နန်းတော်၌ သတင်းထောက်များအားယခုကဲ့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
ခေတ်သစ်တစ်ခုအတွက် ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်မီပြီး တန်းတူညီမျှသည့်ဆက်ဆံရေး၏ စံနမူနာဖြစ်ကြောင်းလည်း ပူတင်ကပြောကြားခဲ့သည်။
ရှီ၏ခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည် အလွန်အကျိုးရှိသော ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပြီး ပူးတွဲကြေငြာချက်များချမှတ်ခဲ့ကြောင်းလည်း သမ္မတပူတင်ကေပြာကြားခဲ့သည်။
စွမ်းအင်၊ကုန်သွယ်မှု၊သိပ္ပံ၊ယဉ်ကျေးမှုနှင့် အခြားသောနယ်ပယ်များပါဝင်သည့် အစိုးရနှင့်ဌာနဆိုင်ရာ သဘောတူညီချက်များကို ဆက်တိုက်ဆိုသလို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
Source : ရှင်းဟွာ