Friday, June 20, 2025

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...
HomeInternationalရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့...

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ ထရမ့် မဆုံးဖြတ်ရသေး

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်ပြီးတိုးမြှင့်ချမှတ်ဦးမလားဆိုတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အနေနဲ့ ဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။

သူတို့ရဲ့ ပြောကြားချက်အရ အမေရိကန်ဖက်က ထပ်တိုးစီးပွားရေးပိတ်ဆို့မှုတွေနဲ့ ခြိမ်းခြောက်လိုက်ရင်၊ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရုရှားကတွန့်ဆုတ်နေနိုင်တယ်လို့ ထရမ့်က ထင်မြင်နေတယ်လို့ ဆိုပါတယ်။

ဒီအရင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Wall Street Journal က ဖော်ပြခဲ့ရာမှာတော့ အမေရိကန်သမ္မတဟာ ဒီသီတင်းပတ်အတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်ဖို့ စဉ်းစားနေပြီး ငြိမ်းချမ်းရေးအတွက် နောက်ဆုံးတွန်းအားပေးမှု အလုပ်မဖြစ်ရင် ဆွေးနွေးပွဲလုပ်ငန်းစဉ်ကနေ ထွက်ခွာဖို့အထိတောင် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံတွေမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုအသစ်တွေ ပါဝင်မှာမဟုတ်ပေမယ့် ညှိနှိုင်းစားပွဲမှာ ရုရှားခေါင်းဆောင်ပိုင်းကို ဖိအားပေးပြီး ထပ်မံလျှော့ပေါ့မှုတွေ ရရှိစေဖို့ တခြားရွေးချယ်စရာတွေကို ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တစ်ခုက သတင်းစာကို ပြောကြားခဲ့ကြောင်း ရေးသားခဲ့ပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။ " လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ၊ လုပ်ငန်းခွဲများ၌ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်အပ်လိုသူများအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071