မော်စကို၊ မေ ၁၈
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ကောင်းမွန်သော စံပြပုံစံတစ်ခုကို ဖော်ဆောင်ပေးထားကြောင်း ခရင်မ်လင်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က တနင်္လာနေ့တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
“ရုရှား-တရုတ် ဆက်ဆံရေးဟာ အရှိန်အဟုန်မပျက် ရှေ့သို့ တစိုက်မတ်မတ် တိုးတက်ဖြစ်ထွန်းနေပြီး မကြုံစဖူး မြင့်မားတဲ့ စံနှုန်းတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
“ကျွန်တော်တို့ဟာ အပြန်အလှန် ကူညီဖေးမမှု၊ အပြန်အလှန် ပံ့ပိုးကူညီမှုနဲ့ ချစ်ကြည်ရင်းနှီးမှု အခြေခံမူတွေနဲ့အညီ အမြဲတစေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟုလည်း အူရှာကော့ဗ်က ပြောကြားသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့် တတိယအဖွဲ့အစည်း (သို့မဟုတ်) တတိယနိုင်ငံကိုမျှ ရည်ရွယ်တိုက်ခိုက်ခြင်း မဟုတ်ကြောင်း အူရှာကော့ဗ်က အလေးအနက် ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံစလုံးသည် လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော နိုင်ငံခြားရေးမူဝါဒများကို လက်ကိုင်စွဲထားကြကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
