မော်စကို၊မေ ၂၇
မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်ကပြောကြားခဲ့သည်။
မော်စကို၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံးပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။
“အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။
မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အမေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။
အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင် အမေရိကန်-ရုရှားနှစ်နိုင်ငံသား Ksenia Karelina နှင့် ဂျာမန်-ရုရှားနိုင်ငံသား Artur Peteov တို့အား အသီးသီးပြန်လွှတ်ပေးခဲ့ကြသည်။
Source : ရှင်းဟွာ