Saturday, June 7, 2025

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား...

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန်...
HomeInternationalရုရှားနှင့်ယူကရိန်းအကျဉ်းသားလဲလှယ်၊ ယူကေစေတနာ့ဝန်ထမ်းနှစ်ဦး၏ရုပ်အလောင်းများယူကရိန်းပြန်ပို့

ရုရှားနှင့်ယူကရိန်းအကျဉ်းသားလဲလှယ်၊ ယူကေစေတနာ့ဝန်ထမ်းနှစ်ဦး၏ရုပ်အလောင်းများယူကရိန်းပြန်ပို့

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရုရှားနှင့်ယူကရိန်းတို့ သည် အကျဉ်းသား ၂၀၀ နီးပါးထပ်မံလဲလှယ်ခဲ့ကြပြီး ဗြိတိန်စေတနာ့ဝန်ထမ်းနှစ်ဦး၏ ရုပ်အလောင်းများကိုပါ ယူကရိန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

ယခုတစ်ကြိမ်လဲလှယ်မှု၌ ယူကရိန်းနိုင်ငံသား ၁၁၆ ဦးပြန်လည်လွတ်မြောက်လာပြီး ရုရှားဘက်မှ ၆၃ ဦးလွတ်မြောက်သွားကြောင်းသိရသည်။ “ကျွန်တော်တို့နိုင်ငံသား စစ်သည်တော် ၁၁၆ ယောက်ကို နောက်တစ်ကြိမ်အောင်အောင်မြင်မြင်နဲ့ လဲလှယ်ရယူနိုင်ခဲ့ပါပြီ” ဟု ယူကရိန်းစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၁၁၆ ဦးအပြင် ဗြိတိန်စေတနာ့ဝန်ထမ်း အန်ဒရူးဘက်ဂ်ရှောနှင့်ခရစ်ပယ်ရီတို့၏ ရုပ်အလောင်းများကိုလည်း ယူကရိန်းသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်လက ယူကရိန်းအရှေ့ပိုင်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးကြိုးပမ်းမှုအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း ပယ်ရီ၏မိသားစုထံမှသိရသည်။

ယခုပြန်လည်လွတ်မြောက်လာသူ ရုရှားစစ်သားများအတွင်း ယူအေအီး၏ကြားဝင်စေ့စပ်မှုဖြင့် ဖလှယ်နိုင်ခဲ့ကြသည့် နာမည်ကြီးရုရှားပုဂ္ဂိုလ်များလည်းပါဝင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား ပြည်သူ့ဘဝ မထိခိုက်စေသည့်နည်းလမ်းဖြင့် စောင့်ကြည့် ကြပ်မတ်မည်

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ကစုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ နိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ နှင့်...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် UN လူ့အခွင့်အရေးအကြီးအကဲတောင်းဆို

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေရဲ့ တန်းတူကာကွယ်ပေးမှု – အမေရိကန်က အစဉ်အမြဲ ထောက်ခံရပ်တည်ခဲ့တဲ့ တန်ဖိုးတွေနဲ့ တို-က်ရို-က်ဆန့်ကျင်နေပါတယ်” ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ တာ့ခ်က ပိ-တ်ဆို့အရေးယူမှုများကြောင့် “အလွန်အမင်း စိုးရိမ်ပူပန်မိသည်” ဟု ပြောကြားခဲ့ပြီး “လျင်မြန်စွာ ပြန်လည်စဉ်းစားပြီး ရုပ်သိမ်းပေးရန်” တောင်းဆိုခဲ့သည်။ အမေရိကန်က ပိ-တ်ဆို့အရေးယူလိုက်သည့် ICC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071