မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ အလှူငွေကျပ်(၉၀၆ ဒသမ ၂၅၀)သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
