ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၇ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်အဖြစ် နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။
ထိုသို့ ထွက်ခွာခဲ့ရာ ရုရှားစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Andrey Rudenko နှင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့ကကြိုဆိုခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း နစက ဥက္ကဋ္ဌအား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ လျှောက်လမ်း ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ခြံရံ၍ နိုင်ငံတော်အဆင့်ကြိုဆိုခဲ့ကြသည်။
နစက ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်း အနားများကိုတက်ရောက်သွားမည်ဖြစ်ကာ အခမ်း အနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌနှင့်အတူ ရုရှားနိုင်ငံသို့ တစ်ပါ တည်းလိုက်ပါသွားခဲ့ပြီး ခရီးစဥ်အတွင်း၌ ဖက်ဒ ရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
နစက ဥက္ကဋ္ဌသည် ယခုသွားရောက်သည့် ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုး တက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ခရီးစဥ်၌ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇ နီး၊ ဒု-ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒု-ဝန်ကြီး ချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အ ရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။