Tuesday, May 20, 2025

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဌာန်းထားသည်ဟု ယနေ့ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် နစက...

သိက္ခာရှိသည့်အောင်မြင်မှုမျိုးဖြစ်စေရန် တက္ကသိုလ်ဝင်စာမေးပွဲအားပြန်လည်ဖြေဆိုစေခြင်းဖြစ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် တက္ကသိုလ်စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးခဲ့သဖြင့် တိုင်းနှင့်ပြည်နယ်အချို့မှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲပြန်လည်ဖြေဆိုစေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၁၉...

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ...

အင်ဒိုနီးရှား ရွှေသတ္ထု့မိုင်း မြေပြို၊ လူ...

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌ေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို...
HomeNewsLocal Newsရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ...

ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ပြန်လည်ရောက်ရှိလာ

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မေ ၉ ရက်ကကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ယနေ့ မေ ၁၀ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များအား မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Andrey Rudenko နှင့်တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များလိုက်ပါလာသည့် အထူးလေယာဉ်သည် နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးရာတွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာနိုင်ငံမှ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည့်အတွက် နိုဗာစီဗစ် ဒေသ အုပ်ချုပ်ရေးမှူးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှု၊ ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို နိုင်ငံတော်အစိုးရ နှင့် ပြည်သူတို့လက်တွဲ၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုဗာစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေဆုံပွဲအပြီးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ က လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ အခြား နိုင်ငံ့ခေါင်းဆောင်များနှင့်အတူတက်ရောက်ခြင်း၊ မြန်မာနိုင်ငံမှ စစ်ရေးပြတပ်ဖွဲ့ဝင်များ ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်ချီတက်ခဲ့ကြသည့် ၁၉၄၁- ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနှင့် အ ခြားဆက်စပ်အခမ်းအနားများတက်ရောက်ခြင်း၊ အညတရစစ်သည်ဂူဗိမာန်၌ ပန်းစည်းချအလေးပြုခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှု၊ မန္တလေးငလျင်ကြီးဒဏ်သင့် မြန်မာနိုင်ငံ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အခြား တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ၊ BRICS အမျိုးသမီး စီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့ကြောင့် နစက ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဥ်၌ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဌာန်းထားသည်ဟု ယနေ့ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်၍ မိမိတို့မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကာ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါကအကောင်းဆုံး ဖြစ်သည်ဟု ပြောသည်။ " ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုလည်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့သလို ဖဆပလခေတ်မှာလည်းအခက်အခဲတွေကြားကဆောင်ရွက်ခဲ့ရပါတယ်။...

သိက္ခာရှိသည့်အောင်မြင်မှုမျိုးဖြစ်စေရန် တက္ကသိုလ်ဝင်စာမေးပွဲအားပြန်လည်ဖြေဆိုစေခြင်းဖြစ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် တက္ကသိုလ်စာမေးပွဲအဖြေလွှာများပျက်စီးဆုံးရှုံးခဲ့သဖြင့် တိုင်းနှင့်ပြည်နယ်အချို့မှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲပြန်လည်ဖြေဆိုစေရခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် စာမေးပွဲပြန်လည်ဖြေဆိုရန်စီစဉ်ဆောင်ရွက်ခဲ့ရကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်၍ ပြန်လည်ဖြေဆိုမှုမဆောင်ရွက်စေဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန်ပြောဆိုမှုများရှိခဲ့သည်ဟု ပြောသည်။ " သို့သော် သိက္ခာရှိတဲ့အောင်မြင်မှုမျိုးနဲ့ နိုင်ငံတကာစံချိန်စံနှုန်းတွေအရ စာမေးပွဲပြန်လည်ဖြေဆိုဖို့ မိမိတို့အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း စာမေးပွဲပြန်လည်ဖြေဆိုရမယ့်ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အဆင်ပြေချောမွေ့မှုရှိစေဖို့...

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က် ၁ ဦး‌ေ-သဆုံး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမအတိုင်း မောင်းနှင်လာသည့် ကန်တာကားသည် အောင်ဇေယျကြိုးတံတားအဆင်းအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ.မ.က (၁၁)ကျောင်းအနီး မှတ်တိုင်တွင်ရပ်ထားသော YBS ကားနှင့် ဆိုင်ကယ်တို့အား ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါလာသော ကလေးငယ်တို့အား အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071