ခါဘရို့စ်ခ်၊မေ ၂၀
နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် “ရုရှား-တရုတ်ဖိုရမ်” ကို ရုရှားနိုင်ငံ ခါဘရို့စ်ခ်မြို့၌ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံမှလုပ်ငန်းရှင်များ၊အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များအပါအဝင် လူ ၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
အဖွင့်အမှာစကားတွင် ခါဘရို့စ်ခ်အုပ်ချုပ်ရေးမှူးက ဒေသတွင်းနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုအားကောင်းလာကာ စက်မှု၊စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်သည့်စီမံချက်များ သည် ပုံမှန်တိုးတက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။
ရုရှားအရှေ့ဖျား၌ နှစ်နိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများသည် ခေတ်မီထုတ်လုပ်မှုနှင့်နည်းပညာဆန်းသစ်တီထွင်မှုတို့တွင် အလုပ်အကိုင်အသစ်များဖန်တီးပေးနိုင်ရန် လက်တွဲလုပ်ဆောင်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တံတားကိုပဲ တည်ဆောက်နေတာမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှု၊ ပြီးတော့ နှစ်ဘက်စလုံးက သာယာဝပြောရေးတွေကိုလည်း ပေါင်းကူးပေးနေတာပါ” ဟု၎င်းကပြောကြားခဲ့သည်။
ယခုဖိုရမ်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့်စီးပွားရေးဆွေးနွေးပွဲများအပါအဝင် တရုတ်နှင့်ရုရှားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်းရည်ရွယ်သည်ဟုသိရသည်။
Source : ရှင်းဟွာ