ရုရှားနိုင်ငံအနောက်ပိုင်းတွင် ဒေသဆိုင်ရာ တာဝန်ရှိသူများက တရားမဝင် ဝင်ရောက်စွက်ဖက်ခြင်းဟုဆိုသော ဖြစ်ရပ်ကြောင့် တံတားကျိုးကျမှုဖြစ်ခဲ့ပြီးနောက် စနေနေ့ညပိုင်းက ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ကာ လူ ၇ ဦးထက်မနည်း ေ-သဆုံး၍ ၃၀ ခန့်ဒဏ်ရာရခဲ့သည်။
ယူကရိန်းနိုင်ငံနှင့် နယ်စပ်ရှိ ရုရှား၏ Bryansk ဒေသရှိ တံတားသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် တရားမဝင် ဝင်ရောက်စွက်ဖက်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားခဲ့သည်ဟု မော်စကိုမီးရထားလိုင်းကသတင်း ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်ကိုမူ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိပေ။
တံတားသည် ရထားခုတ်မောင်းနေသည့် မီးရထားသံလမ်းပေါ် ကျိုးကျသွားခဲ့ခြင်း ဖြစ်သည်ဟု ရုရှား၏ ပြည်ထောင်စု ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနဖြစ်သည့် Rosavtodor က ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် အရေးပေါ်အဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိသူများက ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးနေသည်ဟု Bryansk ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘိုဂိုမက်ဇ်က ပြောကြားသည်။ ဖြစ်စဉ်တွင် လူ ခုနစ်ဦး သေဆုံးခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် ၃၀ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ေ-သဆုံးဒဏ်ရာရခဲ့သူများအတွက် လိုအပ်သော အကူအညီများအားလုံးကို ဆောင်ရွက်ပေးနေသည်ဟုလည်း ၎င်းက ပြောသည်။ စနေနေ့က ဖြစ်ပွား ခဲ့သည့် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သူမည်ဝါတွင် တာဝန်ရှိကြောင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့ရာတွင် ယူကရိန်းလိုလားသော အဖျက်မှောင့်သမားများသည် ရုရှား မီးရထားအခြေခံအဆောက်အဦများကို တိုက်ခိုက်သည်ဟု တာဝန်ရှိသူအချို့က ယခင်က စွပ်စွဲထားခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များသည် အကန့်အသတ်ရှိပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ Ref: စီအင်န်ဘီစီ