Saturday, July 26, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeInternationalရုရှားက ဥရောပသို့ စွမ်းအင်တင်ပို့ခြင်း...

ရုရှားက ဥရောပသို့ စွမ်းအင်တင်ပို့ခြင်း ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်

ရုရှားက ဥရောပသို့ စွမ်းအင်တင်ပို့ခြင်း ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်

ကိယက်ဗ်၊ စက်တင်ဘာ ၈

ရုရှားသမ္မတ ပူတင်က စက်တင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့၌ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းဆန်တင်ပို့မှုအတွက် ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ပေးထားသော သဘောတူညီချက်တွင်ထည့်သွင်းလိုသည့်ကန့်သတ်ချက်များ  ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘရပ်ဆဲလ်က ရုရှားဓာတ်ငွေ့ ဈေးနှုန်းများကို ကန့်သတ်လျှင် ဥရောပသို့ စွမ်းအင်ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ စီးပွားရေးဖိုရမ်တစ်ခု၌ မိန့်ခွင်းပြောကြားရာတွင် ပူတင်က ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အရေးနိမ့်လိမ့်မည် မဟုတ်ကြောင်း၊ ယင်းစစ်ပွဲသည် ရုရှားနိုင်ငံ၏ လုံခြုံရေးအား အာမခံနိုင်ရန်နှင့် ထိုနေရာ၌ မှီတင်းနေထိုင်ကြသော ရုရှားစကားပြောသူများကို အကာအကွယ်ပေးရန်အတွက် ဆင်နွှဲခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသည် အရှေ့ဘက်ဒေသရှိ ၎င်း၏ တန်ပြန်ထိုးစစ်ဆင်မှုနှင့် ပတ်သက်၍ သတိထား စောင့်ကြပ်နေသော်လည်း ၎င်း၏ ထိပ်တန်းဗိုလ်ချုပ်က ရုရှားသည် နျူလက်နက်အသုံးပြုခြင်းဆီသို့ ဦးတည်လာနိုင်ပြီး အခြားနိုင်ငံများကိုလည်း ရှည်လျားသော တတိယကမ္ဘာစစ်ဆီသို့ ဆွဲခေါ်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်စကီးက ကိယက်ဗ်အရှေ့ဘက် ခါခိဗ်ဒေသမှ သိမ်းပိုက်ခံထားရသော နယ်မြေအချို့ကို ရုရှားတပ်ဖွဲ့များထံမှ ပြန်လည်သိမ်းယူလိုက်နိုင်ပြီဟု ပြောကြားခဲ့​သော်လည်းအသေးစိတ်အချက်အလက်များကို​တော့ထုတ်ပြန်နိုင်ခြင်းမရှိခဲ့​ပေ ။

ဗီဒီယို မိန့်ခွန်းတွင် ဇလန်စကီးက ရုရှားတပ်များ အများဆုံးစုဝေးနေသည့် နေရာများ၌ အလွန်အောင်မြင်သော ပစ်ခတ်မှုများ ပြုလုပ်နိုင်ခဲ့သည်နှင့် ပတ်သက်၍ ချီးကျူးခဲ့ပြီး တောင်ဘက်ရှိ မော်စကိုတပ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သော ယူကရိန်း အမြောက်တပ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဗလာဒီဗော့စတော့ရှိ ဖိုရမ်၌ ရုရှား-ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ပူတင်က ကျွန်​တော်တို့ ဘယ်အရာမှမဆုံးရှုံးခဲ့သလို ဘာကိုမှလည်းဆုံးရှုံးလိမ့်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။ ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။ အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင်...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။ ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071