Wednesday, December 31, 2025

မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲ နိုင်ငံတော်အဆင့် ကျင်းပရန်...

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက်က မန္တလေးမဟာမုနိဘုရားကြီး...

ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ "...

မုံရွာမြို့နှင့် အနီးဝန်းကျင်ကျေးရွာပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ယာဉ်များ၊...

ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ထို့ပြင် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၅ -၂၀၂၆...

ထိုင်းက ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို...

သီတင်းပတ်ကုန်ပိုင်းတွင်ရရှိခဲ့သော နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အသစ်တဖန် သဘောတူညီမှုအရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့သည်။ စနေနေ့...
HomeInternationalရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု...

ရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု ဘီလာရုစ် ထုတ်ဖော်ပြသ

ဘီလာရုစ်နိုင်ငံသည် ၎င်း၏ နယ်မြေတွင် ရုရှား၏ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Oreshnik ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကို ဖြန့်ကျက်ထားသည်ဆိုသော ဗီဒီယိုဖိုင်ကို အင်္ဂါနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဒုံးကျည်စနစ်ဖြန့်ကျက်မှုသည် မော်စကို၏ ဥရောပတစ်လွှားသို့ ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းကို မြှင့်တင်ပေးသည့်စနစ်တစ်ခုဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ခိုင်မာသောမဟာမိတ်တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရနှင့်လည်း ဆွေးနွေးမှုများစလုပ်လာသည့် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါ လူကာရှန်ကိုက တာလတ်ပစ်ပဲ့ထိန်းဒုံးစနစ်ကို ဖြန့်ကျက်သွားမည်ဟု ယခုလအစောပိုင်းတွင် ကြေညာထားသည်။

စစ်ဖြစ်လာလျှင် ရုရှားနျူကလီးယားဒုံးကျည်များ ကို ဥရောပသို့ အနည်းငယ်ပိုမိုလျင်မြန်စွာရောက်ရှိစေနိုင်သည့် ယခုဖြန့်ကျက်မှုသည် ရုရှားအတွင်းပိုင်းအထိ ရောက်ရှိနိုင်သော လက်နက်များကို နေတိုးအဖွဲ့က ကိဗ်ထံ မပေးအပ်စေရေး အဟန့်အတားအဖြစ် နျူကလီးယားလက်နက်ခြိမ်းခြောက်မှုကို ခရမ္မလင်က ပို၍တိုးလုပ်လာသည်ကို ပေါ်လွင်စေကြောင်း အနောက်တိုင်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

ဂြိုဟ်တုပုံရိပ်များကို လေ့လာမှုအရ မော်စကိုသည် ဒုံးကျည်များနှင့် ရွေလျားပစ်လွှတ်စင်များကို ဘီလာရုစ်အရှေ့ပိုင်းရှိ လေတပ်စခန်းဟောင်းတစ်ခုတွင် ချထားဖွယ်ရှိကြောင်း အမေရိကန်သုတေသီနှစ်ဦးက ပြောကြားခဲ့သည်။

အင်္ဂါနေ့၌ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ဒုံးစနစ်များ၏ တည်နေရာကို မဖော်ပြခဲ့သော်လည်း ရွေ့လျားပစ်လွှတ်စင်များနှင့် တပ်ဖွဲ့ဝင်များသည် တောလမ်းများတလျှောက် မောင်းနှင်သွားလာလျက်ရှိကာ အထူးတပ်ဖွဲ့ဝင်များက လက်နက်စနစ်များကို ပိုက်ကွန်များဖြင့် ဖုံးကွယ်ထားသည်ကို ပြသထားသည်။

မော်စကိုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သမားရိုးကျထိပ်ဖူးတပ်ဆင်ထားသော Oreshnik ဒုံးကျည်ကို ယူကရိန်းရှိ ပစ်မှတ်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ဒုံးကျည်သည် အသံထက် ၁၀ဆ ကျော်မြန်သော အမြန်နှုန်းရှိသောကြောင့် ကြားဖြတ်ပစ်ချရန် မဖြစ်နိုင်ဟု ပူတင်က ဝံ့ကြွားထားခဲ့သည်။

Ref: အယ်လ်အာရေဗျအင်္ဂလိပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲ နိုင်ငံတော်အဆင့် ကျင်းပရန် စီစဉ်နေ

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက်က မန္တလေးမဟာမုနိဘုရားကြီး ရွှေထီးတော် အသစ်ပြန်လည်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ကျင်းပခဲ့သေးသည်။ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများထိခို-က်ပြိုကျပျ-က်စီးမှုများရှိခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရခြင်းလည်း ဖြစ်သည်။ လက်ရှိ၌လည်း ထိခို-က်ပျ-က်စီးခဲ့မှုများကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး လုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်သွားကြရန်၊ အချိန်မီ ပြီးစီးရေးနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်က မှာကြားထားသည်။ ဓာတ်ပုံ- မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့

ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ " ဟိုတယ်ရဲ့အထပ်တိုင်းကိုတော့ ပြန်မဖွင့်သေးဘူး။ အောက်ထပ်တစ်ထပ်တည်းကိုပဲ ဖွင့်တာပါ။ အစားအသောက်တန်းတစ်ခုတည်းကိုပဲဖွင့်တာပါ။ နေ့လည် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်" ဟု ဆူးလေရှန်ဂရီလာဟိုတယ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။ ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule...

မုံရွာမြို့နှင့် အနီးဝန်းကျင်ကျေးရွာပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထား

ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ထို့ပြင် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားပြီး မုံရွာမြို့ကို Control Center အခန်းမှ(၂၄)နာရီ မီးဘေးအန္တရာယ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်၊ မြန်ဆန်ရန်အတွက် လေ့ကျင့်ရေးအဆောက်အဦးကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၀)ရက် ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071