ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော လျှောက်လွှာများကို ပယ်ဖျက်ကာ သတ်မှတ်ချက်ကိုက်ညီသော လျှောက်လွှာ ( ၂၂,၂၄၆)စောင်ကို အိမ်ရာရောင်းချရေးကော်မတီမှ ဇွန် ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ တို-က်ခန်း ဝယ်ယူခွင့်ရရှိမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ တို-က်ခန်းဝယ်ယူခွင့် မဲပေါက်သူများ အနေဖြင့် တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ကိုယ်တိုင် မဲနှိုက်သွားရမည်ဖြစ်သည်။
မဲနှိုက်ခွင့်ရရှိသူများကို တစ်ဦးချင်း ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ကြောင်း၊ တိုက်ခန်း နေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေး ခန်းမကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၂၆ ရက်တွင် အငြိမ်းစားဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန် ၂၆ ရက်နေ့တွင်ပင် နေ့လည် ၁ နာရီ၌ပြည်သူများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကာ ၂၈ ရက်နေ့ မနက် ၉:၃၀ နာရီအချိန်တွင် ဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်သည်။
တိုက်ခန်းဝယ်ယူခွင့် မဲနှိုက်ခွင့် ရရှိသူများကို ဇွန် ၂၄ ရက်နေ့မှ စပြီး တစ်ဦးချင်းဆက်သွယ်အကြောင်းကြားသွားမည်ကြောင်း အသိပေးထားသည်။