Saturday, May 30, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...
HomeNewsLocal Newsရာသီဥတု အခြေအနေကြောင့် ရွှေပြည်တန်...

ရာသီဥတု အခြေအနေကြောင့် ရွှေပြည်တန် အမြန်ရေ ယာဉ်ပြေးဆွဲမှု တစ်ပတ်ကြာ ရပ်နားမည်

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ ခရီးစဉ်များကို ရာသီဥတုအခြေအနေကြောင့် တစ်ပတ်ခန့်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း အဆိုပါ ရေယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။

ယခုရက်ပိုင်းအတွင်း ရာသီဥတုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဇွန်လ ၈ ရက်မှ စတင်ကာ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း ပြေးဆွဲပေးမှုကို တစ်ပတ်ခန့် ရပ်နားထားခြင်းဖြစ်သည်။

ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြေးဆွဲပေးမှုရပ်နားသည့် ခရီးစဉ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက် နီမော်၊ တောင်ကုတ်ခရီးစဉ်နှင့် တောင်ကုတ် – မာန်အောင် ခရီးစဉ်များကို ခဏရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ ၊ ကျောက်နီမော် ၊ တောင်ကုတ် ၊ ခရီးစဉ်နဲ့ တောင်ကုတ်-မာန်အောင် ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းလည်း ရွှေပြည်တန်ရေယာဉ်လိုင်းမှ ထပ်မံအသိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးစဉ်များ ပြေးဆွဲပေးနေသည့် ရွှေပြည်တန်ရေယာဉ်လိုင်းအနေဖြင့် ပြီးခဲ့သည့် မေလ ၁၂ ရက်က မိုခါမုန်တိုင်းကြောင့် ခရီးစဉ်များကို ရပ်နားထားခဲ့ပြီး မေလ ၂၂ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်လည်း မုန်တိုင်းအန္တရာယ်ဖြစ်နိုင်မည့် ရာသီဥတုအခြေအနေများကြောင့် ရေယာဉ်လိုင်းပြေးဆွဲမှုကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဖူးမြှော်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071