Sunday, June 28, 2026

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး...

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို...

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး...

ဥရောပအပူလှိုင်းဒဏ်ကြောင့် ပြင်သစ်တွင် သေဆုံးသူ ၁,၀၀၀...

ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိထုတ်ပြန်ထားသည့်...

ရန်ကုန်တိုင်းရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများအား မြေကွက်ချထားပေးရေး...

မနက်ဖြန် ဇွန် ၂၉ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)၌ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁...
HomeInternationalမဒါဂတ်စကာသမ္မတ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်

မဒါဂတ်စကာသမ္မတ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်

မဒါဂတ်စကာနိုင်ငံ သမ္မတ အန်ဒရီ ရာဂျိုလီနာ သည် ပြီးခဲ့သည့်လနှောင်းပိုင်းက စတင်ခဲ့သည့် တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြမှုများဖြစ်ပွား‌နေသည့်ကြားကပင် မဒါဂတ်စကာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားသည်။

ရာဂျိုလီနာသည် တနင်္ဂနွေနေ့က နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်ဟူသော သတင်းများနှင့် ကောလာဟလများ ထွက်ပေါ်ပြီးနောက် ဘေးကင်းရာနေရာသို့ ရောက်ရှိ‌နေပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သူက တိုက်ရိုက်ထုတ်လွှင့် ပြောကြား အတည်ပြုခဲ့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ သမ္မတသည် သူ၏တည်နေရာကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

ရာဂျိုလီနာသည် တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားရန် စီစဉ်ထားသော်လည်း “လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က နိုင်ငံပိုင်မီဒီယာကို ထိန်းချုပ်ရန် ခြိမ်းခြောက်ခဲ့သောကြောင့်” အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း ရာဂျိုလီနာ၏ရုံးက ဖေ့စ်ဘွတ်ခ်တွင် ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ ပြောကြားချက်အရ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခများတွင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့သည့် အခြေအနေများအပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က စိုးရိမ်ကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတစ်ခုမှ ထိုသို့ ပြောကြားခဲ့သည့် မက်ခရွန်က ရာဂျိုလီနာကို ပြင်သစ်သို့ ကယ်ထုတ်ပေးခဲ့ခြင်း ရှိ၊ မရှိကိုမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော် ဘာမှ အတည်မပြုပါဘူး” ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုကိုသာ ဖော်ပြလိုပါတယ်” ဟုလည်း သူက ဆိုသည်။ မဒါဂတ်စကာနိုင်ငံသည် ယခင်က ပြင်သစ်၏ ကိုလိုနီ နိုင်ငံတစ်ခုဖြစ်သည်။

စစ်ဘက်သတင်းရင်းမြစ် တစ်ခုကမူ ရာဂျိုလီနာသည် ရဟတ်ယာဉ်ဖြင့် စိန့်မာရီလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့က ပြင်သစ်စစ်တပ်၏ Casa လေယာဉ်ဖြင့် မဒါဂတ်စကာမှ ထွက်ခွာသွားခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (တီးတိန်)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (တီးတိန်)၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်စစ်ဆေးခဲ့သည်။ ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့်...

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး လေယာဉ်ငယ်တစ်စင်း ဝင်ရောက်တိုက်မိခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် မပါဝင်သည့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ လေကြောင်းပိုင်နက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပေကျင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ရှားပါးလေကြောင်းမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။ ချောင်ယန်ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၆ ရက် ညနေ ၅ နာရီ...

ဥရောပအပူလှိုင်းဒဏ်ကြောင့် ပြင်သစ်တွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာ

ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိထုတ်ပြန်ထားသည့် ကိန်းဂဏန်းမှာ ကနဦးစာရင်းသာဖြစ်ပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့် နေအိမ်များတွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုအချက်အလက်များ ထပ်မံရရှိလာပါက သေဆုံးသူအရေအတွက်မှာ ယင်းထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။ သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ဥရောပတစ်ဝန်းတွင် စံချိန်တင်အပူချိန်များကြောင့် အပူဒဏ်ခံစားရမှုများ မြင့်တက်လာသည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ အနှောင့်အယှက်ဖြစ်ပေါ်ခြင်းနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ ဇွန် ၂၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071