
လပ်ကီးဆဲဗင်းထုတ်လုပ်ရေးမှ ထုတ်လုပ်ထားကာ ဇာတ်လမ်းနန္ဒာမိုး ကြယ်(ခ)ကိုရွှေတောသား၊ ဇာတ် ညွှန်းရွှန်းမီမီထက်၊ ဒါရိုက်တာကို ဇော်(အရုဏ်ဦး)တို့ ရိုက်ကူးပုံဖော် ထားတဲ့ ”မင်္ဂလာခုတင်”ရုပ်ရှင်ဇာတ် ကားအထူးပွဲကို သြဂုတ်လ ၅ ရက် နေ့က သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ပြသ ခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ဝတ်မှုံရွှေ ရည်၊ ခင်လှိုင်၊ ကိုပေါက်နဲ့ ဟာသ သရုပ်ဆောင်ပေါင်းများစွာတို့က ပါ ဝင်သရုပ်ဆောင်ထားကြပါတယ်။ အဆိုပါဇာတ်ကားနဲ့ပတ်သက်ပြီး စီစဉ်သူမအေးအေးဝင်းက…
”ပရိသတ် တွေနဲ့ မကြည့်ရှုခင်ကဆို အစ်မတို့ နည်းနည်းစိတ်ပူတယ်။ ပရိသတ်တွေ ကြိုက်မှ ကြိုက်ကြပါ့မလားလို့။ ပရိ သတ်တွေနဲ့အတူတူ ကြည့်လိုက်ရတဲ့ အခါ လက်ခုပ်သံတွေ အများကြီး ကြားလိုက်ရတော့ အစ်မဝမ်းသာတယ်။ ပရိသတ်တွေ ပျော်ရွှင်ချင်တယ်။ ရယ် မောချင်တယ်ဆိုရင် မင်္ဂလာခုတင်ကို လာရောက်အားပေးပါ။ မင်္ဂလာခု တင်ကို ကြည့်ရှုရင်းလာရောက် အပန်း ဖြေကြပါ”လို့ ပြောပြခဲ့ပါတယ်။
‘မင်္ဂလာခုတင်’ရုပ်ရှင်ဇာတ် ကားကြီးကို သြဂုတ်လ ၁ဝ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ကြီးများမှာ ရုံတင်ပြသလျက်ရှိပါ တယ်။
ခိုင်ဝါဝင်း
