Monday, May 19, 2025

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားသည်။ ယခုနှစ်အတွက်...

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း...

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင်...
HomeNewsLocal Newsရပ်နားထားသည့် စက္ကူစက်ရုံများပြည်လည်လည်ပတ်နိုင်ပါက စက္ကူအတွက်အသုံးပြုနေရသည့်...

ရပ်နားထားသည့် စက္ကူစက်ရုံများပြည်လည်လည်ပတ်နိုင်ပါက စက္ကူအတွက်အသုံးပြုနေရသည့် နိုင်ငံခြားငွေအသုံးပြုမှုကိုလျှော့ချနိုင်မည်

စက်မှုဝန်ကြီးဌာန၊အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့်သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား ပြည်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်ရှိ စက်မှုဝန်ကြီး ဌာန၊အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့်သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

တိုင်းပြည်အတွက် စက္ကူ လိုအပ်ချက်များစွာရှိနေပြီး နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ကျောင်းသုံး၊သတင်းစာစသည်တို့ကို ပြည်ပမှတင်သွင်းအသုံးပြုနေရသည်။

စက္ကူစက်ရုံများပြန်လည်လည်ပတ်နိုင်ရန် ကုန်ကြမ်းအနေဖြင့် ဝါး၊သစ်တို့လိုအပ်မည်ဖြစ်သလို စက်လည်ပတ်နိုင်ရန် စွမ်းအင်လိုအပ်မည်ဖြစ်ကာ စက်ရုံပြန်လည်ပြုပြင်ပြီးချိန်တွင် ထပ်မံတိုးချဲ့နိုင်ရန်လည်း ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ကုန်ကြမ်းလိုအပ်ချက်ဖြစ်တဲ့ သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းတွေကိုလည်း စိုက်ပျိုးရမှာဖြစ်ပါတယ် ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှာလည်း ပျော့ဖတ်တွေကိုထုတ်လုပ်လို့ ရနိုင်မှာဖြစ်သလို စက္ကူစက်ရုံကို ဆက်ပြီးပို့ဆောင်နိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက်ဆောင်ရွက်ခြင်းဖြစ်၍ တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

စက္ကူစက်ရုံများပြန်လည်လည်ပတ်နိုင်ပါက စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေအသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စက်ရုံများအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် စက်ရုံဝန်းအတွင်းရှိ ပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံခွဲ(Pulping Plant)၊ တန်(၅၀)စက္ကူစက်ရုံ၊တန်(၆၀)သတင်းစာ စက္ကူစက်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌအား စက်ရုံအစည်းအဝေးခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊အမှတ်(၃)အ ကြီးစားစက်မှုလုပ်ငန်းညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီနှင့်မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒု- ဗိုလ်ချုပ်ကြီးညိုစောတို့က သက်ဆိုင်ရာကဏ္ဍအ လိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျားပေ (၁၈၀၀) ၊ အမြင့်ပေ (၂၃၀) ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင် ပမာဏမှာ (၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား...

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားသည်။ ယခုနှစ်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိသူ (၇၆)ဦးကို ဇကာတင်ရွေးချယ်ခေါ်ယူထားပြီး၊ ကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက်စရိတ်၊ ပညာသင်စရိတ်များအားလုံး အခမဲ့ စီစဉ်ပေးထားကြောင်း သိရသည်။ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့် ရရှိသည့် ကစားသမားများ အနေဖြင့် မေလ (၂၈) ရက်တွင် အကယ်ဒမီကျောင်းသို့ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး မန္တလေး အကယ်ဒမီ တက်ရောက်ရမည့်...

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်ကြောင်း သိရသည်။ လက်ရှိတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းသ ည် ကျဆင်းလာသည့်အတွက် ပြည်တွင်းရှိစားအုန်းဆီဈေး နှုန်းလည်း ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။ ပြည်ပမှ စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ (၁၉)ရက်မှ (၂ ၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည် ညွှန်းဈေးနှုန်းမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071