Friday, May 16, 2025

SSPP နှင့် RCSS တို့အကြား...

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS တို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် (၁၀) ရက်ကြာ ပစ်ခတ်တို-က်ခို-က်မှု ရပ်စဲရန် ဗိုလ်ချုပ်ကြီး ယွတ်စစ်ဦးဆောင်သည့် RCSS/SSAက...

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း...

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး...

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး...

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...
HomeNewsLocal Newsရန်ကုန် ၊ မန္တလေးနှင့်...

ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းဝင်အောင် လုပ်ဆောင်မည်ဟု နစက ဥက္ကဋ္ဌပြော

ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းဝင်အောင် လုပ်ဆောင်မည်ဟု နစက ဥက္ကဋ္ဌပြော

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည် တော် တက္ကသိုလ်တို့ကို ကမ္ဘာ့အကောင်းဆုံး တက္က သိုလ်များ စာရင်းတွင် ပါဝင်နိုင်ရေး မျှော်မှန်းလုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။

ဇူလိုင်လ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်း ဖြစ်သည်။

” ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နဲ့ နေပြည် တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္က သိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင်ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ် သားသမီးများ၏ ပညာရေး အဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယခု နေပြည်တော် တက္ကသိုလ်နေရာကို ယခင်ကအားကစား တက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အားက စားတက္ကသိုလ် မဖွင့်နိုင်ခဲ့သည့်အတွက်  တက္ကသိုလ်အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦများ ဖြည့်တင်းတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး လုပ်ဆောင်နေပြီး ပညာသင်နှစ်အလိုက် ဆင့်ကဲ့ဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်း သားများကို ဆက်လက်ခွင့်ပြု သင်ကြားနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ် အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်သွားရမည်ဟုလည်း နစက ဥက္ကဋ္ဌက တာဝန်ရှိသူများကို မှာကြားသွားသည်။

ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

SSPP နှင့် RCSS တို့အကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရေး (၁၀) ရက်ကြာ ပစ်ခတ်တို-က်ခို-က်မှုရပ်စဲရန် RCSS/SSA ထုတ်ပြန်

ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS တို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် (၁၀) ရက်ကြာ ပစ်ခတ်တို-က်ခို-က်မှု ရပ်စဲရန် ဗိုလ်ချုပ်ကြီး ယွတ်စစ်ဦးဆောင်သည့် RCSS/SSAက ထုတ်ပြန်ထားသ ည်။ အဆိုပါ ပစ်ခတ်တို-က်ခို-က်မှုရပ်စဲရေးကာလအား ယနေ့မေ (၁၆)ရက်မှ မေ (၂၅) ရက်အထိ လုံးဝရပ်စဲထားကြရန်နှင့် တပ်ရင်း၊ တပ်ဖွဲ့များအားလုံးအနေဖြင့် မိမိတို့ ရောက်ရာနေရာ၌ စစ်ရေးလှုပ်ရှားမှုများ ရပ်နားထားရမည်ဖြစ်ပြီး ခုခံကာကွယ်ရန်အတွက်သာ စီစဥ်ထားရမည်ကြောင်း သိရသည်။ နှစ်ဖက်တပ်များအပါအဝင် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးမှုအား လာမည့် (၆၈) နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်ကံကြမ္မာပြိုလုနီးပါးဖြစ်နေသည့်အတွက်...

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း စစ်ဆေးပေးမည်

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးရာတွင် ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့်  အဆောက်အဦးများကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်  နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များမှလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမည်ဖြစ်ကာ...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး ပြုလုပ်ပေး

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမကောင်းသူများအား အိမ်‌တိုင်ရာရောက် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့သွား ရောက်၍ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပေးနေမှုအပေါ် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071