Looking for something?

Explore the website

Looking for something?

Friday, May 16, 2025

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ...

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ...

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား...

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉...
HomeNewsLocal Newsရန်ကုန်-ပုဂံအမြန်ရထား ဇန်နဝါရီ ၂၄...

ရန်ကုန်-ပုဂံအမြန်ရထား ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အစုန်/အဆန် ​ပြန်လည်ပြေးဆွဲမည်

ပြေးဆွဲမှုယာယီရပ်နားထားသည့် ရန်ကုန်-ပုဂံအမြန်ရထားအား ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အစုန်/အဆန် ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားစီးခရီးသည်များ ခရီးသွားလာမှုအဆင်ပြေစေရန် ရည်ရွယ်၍ အမှတ် ၆၁ အဆန် ရန်ကုန်-ပုဂံ အမြန်ရထားအား ဇန်နဝါရီ ၂၃ ရက်တွင် စတင်ပြေးဆွဲပြီး ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အမှတ် ၆၂ အစုန်အမြန်ရထားတို့ဖြင့် အစုန်/အဆန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲရာ၌ အမှတ် ၆၁ အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာကာ ပုဂံဘူတာသို့ နောက်ရက်မွန်းတည့် ၁၂ နာရီ၌ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှတ် ၆၂ အစုန်အမြန်ရထားသည် ပုဂံဘူတာမှညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာကာ ရန်ကုန်ဘူတာသို့ နောက်ရက်မွန်းတည့် ၁၂ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။

“ကောင်းတာပေါ့ဗျာ ရထားပြန်ဆွဲပေးတော့မယ်ဆိုတော့ ပုဂံကိုသွားတဲ့အခါ ရထားနဲ့သွားလို့ရပြီ လက်မှတ်ခကလည်း စျေးမကြီးတော့ကျွန်တော်တို့လို ပိုက်ဆံကိုချင့်ချိန်နေရတဲ့လူတွေအတွက် အဆင်ပြေတာပေါ့”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဝေဖြိုးကပြောသည်။

ရန်ကုန်-ပုဂံ ရထားလမ်းပိုင်းရှိ သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ္တလင်း၊ပေါင်းတည်၊ပုတီးကုန်း၊သဲကုန်း၊ဆင်မြီးဆွဲ၊ရွှေတံခါး၊အောင်လံ၊ဆတ်သွား၊တောင်တွင်းကြီး၊မြို့သစ်၊နတ်မောက်၊လေးအိမ်၊သာမြှား၊ပင်းချောင်း၊ကျောက်ပန်းတောင်း၊ငါ့မင်းမေး၊စုတည်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၂၀၀ ကျပ်၊အထက်တန်းထိုင်ခုံ ၁၄၄၀၀ ကျပ်နှင့်အထက်တန်းအိပ်စင် ၁၉၈၀၀ ကျပ်တို့ဖြစ်ကာ လက်မှတ်များအား ရန်ကုန်ဘူတာကြီးအနေဖြင့် အထက်တန်းလက်မှတ်များကို ၃ ရက်ကြို၊ရိုးရိုးတန်းလက်မှတ်များအား ၁ ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။ ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင် ၎င်း၏ ရပ်တည်ချက်ခိုင်မြဲစေရန်အတွက် မဟာမိတ်ဖွဲ့မှုများကို ပြုလုပ်နေခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်ထရပ်စ်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော အစီအစဉ်များကို ဗုဒ္ဓဟူးနေ့က ဘာလင်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး၊ ကာကွယ်ရေးလက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူခဲ့ကြသည်ဟု နိုင်ငံတော်ကာကွယ်ရေးဌာန(DND) က ကြာသပတေးနေ့တွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို အိန္ဒိယသို့ မပြောင်းရန် ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့ရန် Apple ၏ ဆောင်ရွက်ချက်များကို ဝေဖန်ကာ အမေရိကန်တွင်သာ ဆက်လက်ထုတ်လုပ်ရန်ကိုလည်း တိုက်တွန်းခဲ့သည်။ "မနေ့က တင်မ်ကွတ်နဲ့ ငါပြဿနာအနည်းငယ်ရှိခဲ့တယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။ "ငါသူ့ကို 'ငါ့သူငယ်ချင်း၊ ငါမင်းကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ မင်းဒီကို ဒေါ်လာ ၅၀၀ ဘီလီယံနဲ့ လာနေတယ်၊ ဒါပေမယ့် အခုငါကြားတာက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071