ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့ကို ခရီးသည်ပို့ဆောင်သည့် ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံးပြေးဆွဲချိန်များကို မတ်လ (၂၈) ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။
ယခင်က နောက်ဆုံးပြေးချိန်များမှာ ဒလမှ ည (၇) နာရီခွဲ၊ ပန်းဆိုးတန်းမှ ည (၈) နာရီ ဖြစ်ပြီး ပြောင်းလဲသတ်မှတ်သ ည့် နောက်ဆုံးချိန်မှာ ဒလမှ ည (၇) နာရီ၊ ပန်းဆိုးတန်းမှ ည (၇) နာရီ (၄၅) မိနစ် ဖြစ်သည်။
နံနက်ပိုင်း စတင်ထွက်ခွာချိန်များတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ ဒလမှ နံနက် (၅) နာရီခွဲ၊ ပန်းဆိုးတန်းမှ နံနက် (၆) နာရီအတိုင်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်–ဒလ ချယ်ရီကူးတို့သင်္ဘော (Pansodan‑Dala ferr y) သည် ရန်ကုန်မြို့နှင့် ဒလမြို့အကြား တစ်နေ့လျင် လူဦးရေ တစ်သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ် သည်။
