Thursday, April 30, 2026

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
HomeNewsLocal Newsရန်ကုန် - ဒလတံတား...

ရန်ကုန် – ဒလတံတား စီမံကိန်း (၅၃) ရာခိုင်နှုန်းပြီးစီး၊ ၂၀၂၄ ဇန်နဝါရီတွင် ရာနှုန်းပြည့်ပြီးစီးရန်လျာထား

မြန်မာ – ကိုရီးယားချစ်ကြည်ရေး ဒလတံတား တည်ဆောက်မှု ၅၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၁၇) ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်မှ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုစစ်ဆေးစဉ် တံတားတည်ဆောက်ရေး ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန် – ဒလတံတား စီမံကိန်းကို ၂၀၁၉ ခုနှစ်မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ ယာယီရပ်နားခဲ့ရခြင်းလည်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်သည် တံတားတည်ဆောက်ရေး လုပ်ငန်းခွင် ရန်ကုန်ဘက်အခြမ်းသို့ ဖေဖေါ်ဝါရီ (၁၇) ရက် နံနက်ပိုင်းက သွားရောက်ခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး ၊ တည်ဆောက်ရေး ပစ္စည်းများ မှန်ကန်စွာအသုံးပြုရေး ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဦးစားပေးလုပ်ငန်းများအလိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒလတံတား စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅ ၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ ED CS ချေးငွေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ချေးငွေရယူကာ တည်ဆောက်နေခြင်း ဖြစ်ပြီး Main ကန်ထရိုက်တာမှာ ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ အဓိက တာ၀န်ယူကာတည်ဆောက်နေခြင်း ဖြစ်သည်။

အဆိုပါ တံတားကြီးတွင် အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့်အကျယ်ရှိရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်ပါဝင်ပြီး တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတာအရှည် သ ည် ၅၇၇ မီတာ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၆၀၁ မီတာနှင့် ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉၀ ရှိပြီး စုစုပေါင်းတံတားရှည်သည် ၆၁၄ ၄ ပေရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ရေလမ်းကင်းလွတ်ခွင့် အမြင့်အနေဖြင့် ၄၉ မီတာ (၁၆၀ ပေ)ရှိပြီး တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းလည်း ပါရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – ဒလ တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာမည့်အပြင် ကုန်စည်စီးဆင်းမှုကဏ္ဍတွင်လည်း ပိုမိုသွက်လက်မြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။ ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071