Looking for something?

Explore the website

Looking for something?

Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeNewsLocal Newsရန်ကုန် - ဒလတံတား...

ရန်ကုန် – ဒလတံတား စီမံကိန်း (၅၃) ရာခိုင်နှုန်းပြီးစီး၊ ၂၀၂၄ ဇန်နဝါရီတွင် ရာနှုန်းပြည့်ပြီးစီးရန်လျာထား

မြန်မာ – ကိုရီးယားချစ်ကြည်ရေး ဒလတံတား တည်ဆောက်မှု ၅၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၁၇) ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်မှ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုစစ်ဆေးစဉ် တံတားတည်ဆောက်ရေး ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန် – ဒလတံတား စီမံကိန်းကို ၂၀၁၉ ခုနှစ်မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ ယာယီရပ်နားခဲ့ရခြင်းလည်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်သည် တံတားတည်ဆောက်ရေး လုပ်ငန်းခွင် ရန်ကုန်ဘက်အခြမ်းသို့ ဖေဖေါ်ဝါရီ (၁၇) ရက် နံနက်ပိုင်းက သွားရောက်ခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး ၊ တည်ဆောက်ရေး ပစ္စည်းများ မှန်ကန်စွာအသုံးပြုရေး ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဦးစားပေးလုပ်ငန်းများအလိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒလတံတား စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅ ၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ ED CS ချေးငွေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ချေးငွေရယူကာ တည်ဆောက်နေခြင်း ဖြစ်ပြီး Main ကန်ထရိုက်တာမှာ ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ အဓိက တာ၀န်ယူကာတည်ဆောက်နေခြင်း ဖြစ်သည်။

အဆိုပါ တံတားကြီးတွင် အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့်အကျယ်ရှိရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်ပါဝင်ပြီး တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတာအရှည် သ ည် ၅၇၇ မီတာ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၆၀၁ မီတာနှင့် ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉၀ ရှိပြီး စုစုပေါင်းတံတားရှည်သည် ၆၁၄ ၄ ပေရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ရေလမ်းကင်းလွတ်ခွင့် အမြင့်အနေဖြင့် ၄၉ မီတာ (၁၆၀ ပေ)ရှိပြီး တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းလည်း ပါရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – ဒလ တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာမည့်အပြင် ကုန်စည်စီးဆင်းမှုကဏ္ဍတွင်လည်း ပိုမိုသွက်လက်မြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071