Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeNewsLocal Newsရန်ကုန် တာမွေမြို့နယ်တွင် Level...

ရန်ကုန် တာမွေမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

(Unicode)

ရန်ကုန် တာမွေမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့၊တာမွေမြို့နယ်၊မာန်အောင်ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက လူနေအိမ်တစ်လုံး Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

နံနက် ၉ နာရီ ၁၂ မိနစ်က မာန်အောင်ရပ်ကွက်၊ ရတနာလမ်း၊ Super One ကုန်တိုက်အနီး၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြိမ်းသတ်ယာဥ်နှင့်တပ်ဖွဲ့ဝင်များ၊ တာမွေမြို့နယ်မီးသတ်တပ်ဖွဲ့မှမီးငြိမ်းသတ်ယာဥ်များနှင့်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း (တာမွေ)မှအဖွဲ့ဝင်များနှင့်ပတ်ဝန်းကျင်နေသူများက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သော်လည်း မီးအားပြင်း၍ နံ နက် ၉ နာရီ ၁၉ မိနစ်၌ Level 2 အဆင့်မီးသတ်ယာဥ်အုပ်စုဖြင့် ထပ်မံငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၂၆ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၃၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“လူနေအိမ်တစ်လုံးလောင်တာပါ ဘေးအိမ်တွေကိုကူးစက်မှုမရှိခဲ့သလို ထိခိုက်ဒဏ်ရာရတာလည်း မရှိပါဘူး အိမ်ကတော့ပျက်စီးသွားတယ် တစ်အိမ်ထဲဆိုပေမယ့် Level 2 အဆင့်ဖြစ်သွားတယ် မီးစလောင်တဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ မီးသတ်ကစစ်ဆေးနေပါတယ်”ဟု မီးလောင်ပြင်သို့ရောက်ရှိကူညီပေးခဲ့သည့် မြန်မာ နိုင်ငံလူမှုကူညီရေးအသင်း(တာမွေ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

(Zawgyi)

ရန္ကုန္ တာေမြၿမိဳ႕နယ္တြင္ Level 2 အဆင့္မီးေလာင္မႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္၊မာန္ေအာင္ရပ္ကြက္တြင္ ယေန႔နံနက္ပိုင္းက လူေနအိမ္တစ္လုံး Level 2 အဆင့္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

နံနက္ ၉ နာရီ ၁၂ မိနစ္က မာန္ေအာင္ရပ္ကြက္၊ ရတနာလမ္း၊ Super One ကုန္တိုက္အနီး၌ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

မီးေလာင္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ မီးၿငိမ္းသတ္ယာဥ္ႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ တာေမြၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွမီးၿငိမ္းသတ္ယာဥ္မ်ားႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံလူမႈကူညီေရးအသင္း (တာေမြ)မွအဖြဲ႕ဝင္မ်ားႏွင့္ပတ္ဝန္းက်င္ေနသူမ်ားက Level 1 အဆင့္ျဖင့္ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ရသည္။

ထိုသို႔ ၿငိမ္းသတ္ခဲ့ေသာ္လည္း မီးအားျပင္း၍ နံ နက္ ၉ နာရီ ၁၉ မိနစ္၌ Level 2 အဆင့္မီးသတ္ယာဥ္အုပ္စုျဖင့္ ထပ္မံၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ ၿငိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၉ နာရီ ၂၆ မိနစ္၌ မီးထိန္းႏိုင္ခဲ့ၿပီး နံနက္ ၉ နာရီ ၃၂ မိနစ္၌ မီးၿငိမ္းသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

“လူေနအိမ္တစ္လုံးေလာင္တာပါ ေဘးအိမ္ေတြကိုကူးစက္မႈမရွိခဲ့သလို ထိခိုက္ဒဏ္ရာရတာလည္း မရွိပါဘူး အိမ္ကေတာ့ပ်က္စီးသြားတယ္ တစ္အိမ္ထဲဆိုေပမယ့္ Level 2 အဆင့္ျဖစ္သြားတယ္ မီးစေလာင္တဲ့အေၾကာင္းရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးကေတာ့ မီးသတ္ကစစ္ေဆးေနပါတယ္”ဟု မီးေလာင္ျပင္သို႔ေရာက္ရွိကူညီေပးခဲ့သည့္ ျမန္မာ ႏိုင္ငံလူမႈကူညီေရးအသင္း(တာေမြ)မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071