ရန်ကုန်စတော့အိတ်ချိန်း၌ ဇူလိုင်လ ပထမပတ် တစ်ပတ်တာကာလအတွင်း ငွေကျပ်သိန်း (၁,၀၀၀) ကျော်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင် သုံးသောင်းကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်ရာတွင် FMI ကုမ္ပဏီမှ ငွေကျပ် (၇,၀၉၆,၆၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၁,၀၃၂) စောင်၊ MTSH ကုမ္ပဏီမှ ငွေကျပ် (၂၀,၂၄၉,၀၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၆,၃၅၈) စောင်၊ MCB ကုမ္ပဏီမှ ငွေကျပ် (၁၁,၃၅၃,၈၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၁,၅၃၄) စောင်၊ FPB ကုမ္ပဏီမှ ငွေကျပ် (၈,၆၁၁,၈၅၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၄,၆၁၄) စောင်၊ TMH ကုမ္ပဏီမှ ငွေကျပ် (၅,၆၇၂,၈၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၂,၀၆၉)စောင် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ EFR ကုမ္ပဏီမှ ငွေကျပ် (၁၆,၅၄၇,၁၀၀) တန်ဖိုးရှိ စတော့ရှယ်ယာအစောင် (၁၀,၁၀၀) ၊ AMATA ကုမ္ပဏီမှ ငွေကျပ် (၁၈,၁၂၁,၄၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၄,၈၂၉) စောင်၊ MAEX ကုမ္ပဏီမှ ငွေကျပ် (၂၀,၀၁၃,၁၀၀) တန်ဖိုးရှိ စတော့ရှယ်ယာ (၆,၅၃၅) စောင် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း၌ ယခုတစ်ပတ်အတွက် စတော့ရှယ်ယာရောင်းချနိုင်မှုမှာ ကုမ္ပဏီ(၂)ခုမှအပ ကျန်ကုမ္ပဏီ (၆)ခုမှာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ် မြင့်တက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီ(၈)ခုဖြင့် ဘဏ်ပိတ်ရက်များမှအပ နေ့စဉ်စတော့ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။
