ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအားညှိနှိုင်းမှာကြားခဲ့သည်။
ရန်ကုန်လေဆိပ်၌ ပြည်ပမှဝင်ရောက်လာသည့် ခရီး သည်များအား သတ်မှတ်ထားသောလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးလျက်ရှိရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်အ နေဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ခရီးသွားပြည်သူများအားအသိပေးချက် လက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပြသထားခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း လေဆိပ်ရှိအခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။