Thursday, June 5, 2025

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု...

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀...

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers...
HomeNewsLocal Newsရန်ကုန်မြို့ MCC ခန်းမ၌...

ရန်ကုန်မြို့ MCC ခန်းမ၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကျင်းပ

ယနေ့ ကျရောက်သည့် (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့(ဗဟို)အခမ်းအနားအား ဖေဖော်ဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားအား သဘာပတိဆရာတော် ဘဒ္ဒန္တသီလဝံသမှ သြဝါဒစကားပြောကြားပြီးနောက် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)သဘာပတိ နိုင်မင်းသောင်းရှင်နှင့် ဥက္ကဋ္ဌနိုင်မင်းအောင်ထူးတို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကဖတ်ကြားခဲ့သည်။

“ဒီနေ့ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားဟာ မွန်လူမျိုးအချင်းချင်းစည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ စည်းလုံးညီညွတ်မှုအတွက်လည်းဦးတည်ပါတယ် မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ခိုင်မာတဲ့ ကတိသစ္စာ၊ပြည်ထောင်စုသားတွေရဲ့ စည်းလုံးညီညွတ်မှု၊နိုင်ငံသားတွေရဲ့ အသက်၊သွေး၊ချွေး၊ပေးဆပ်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ်ပါတယ်”ဟု သဘာပတိနိုင်မင်းသောင်းရှင်ကပြောကြားခဲ့သည်။

နိုင်ငံသားတစ်ဦးချင်းစီတိုင်းလိုလားတောင့်တသည့် ငြိမ်းချမ်းသာယာပြီးလူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်သော လူမှုအသိုက်အဝန်းတစ်ခု ဖန်တီးတည်ဆောက်သွားနိုင်ရန် တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းကြိုးစားသွားရန်လိုအပ်သည်ဟု (၇၆)ကြိမ်မြောက် မွန်အ မျိုးသားနေ့အခမ်းအနားကျင်းပရေး(ဗဟို)ဥက္ကဋ္ဌနိုင်မင်းအောင်ထူး ကပြောကြားခဲ့သည်။

(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အား ဗုဒ္ဓဘာ သာကိုးကွယ်မှုတွင် ပူဇော်ခြင်းဆိုင်ရာဖန်တီးမှုအ နုပညာတစ်ခုဖြစ်သော အုတ်ခွက်ဘုရားများဖြင့် ပြုလုပ်ပူဇော်ခြင်းအား မွန်လူမျိုးတို့ ရှေးပဝေသ ဏီကပင်ပြုလုပ်ခဲ့သည့် သမိုင်းအစဉ်အလာမြင့်မားမှုကိုဖော်ညွှန်းလိုခြင်း၊ မွန်လူမျိုးများကိုယ် တိုင် မိမိတို့၏ယဉ်ကျေးမှု၊အမွေအနှစ်များအား သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းသွားရေး၊ ညီ နောင်တိုင်းရင်းသားများအနေဖြင့် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကို နားလည်သိရှိခြင်းဖြင့် အပြန်အလှန်လေးစားမှုဖြစ်လာစေရေး ရည် ရွယ်ချက်ဖြင့် အထိမ်းအမှတ်မြေစိုက်ပိုစတာအား ဗိုလ်တထောင်ဘုရားတွင် မွန်အုတ်ခွက်ဘုရားပုံများဖြင့် စိုက်ထူဖော်ပြပုံဖော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ ၉,၁၃၅)ထိ စျေးနှုန်းများကို လျှော့ချလျှက်ရှိသည်။ အခွန် VAT အပါအဝင် ဘတ် ၃၁၉,၀၀၀ ($၉,၇၄၅)၊ ​ဒေါ်လာတ​သောင်းခန့် ဖြင့် ရောင်းချ​နေသည်။ အရောင်းကိုယ်စားလှယ်များသည် ဝန်ထမ်းများ အစုလိုက်အပြုံလိုက်နုတ်ထွက်မှု​ကြောင့်ကိုယ်စားလှယ်ယူခြင်းများ ကို ရပ်တန့်ကြ​တော့မည်ဖြစ်သည်။ ဇွန်လ ၄ ရက်နေ့တွင် စျေးနှုန်းကို သိသိသာသာ လျှော့ချလိုက်ကာ ၂၀ ရာခိုင်နူန်း​လျော့​စျေး၊ ၄ စီးဝယ် တစ်စီးအခမဲ့ရအပါအဝင်လက်ကားပရိုမိုးရှင်းများကို...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများအား တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။ ထိုသို့ လုပ်ဆောင်မှုသည် စာရွက်စာတမ်း အတုပြုလုပ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုကဲ့သို့သော ပြစ်မှုများနှင့် သက်ဆိုင်ကာ နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်နိုင်ခြေရှိသည်ဟု အသိပေးချက်တွင် ပါရှိသည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထိခို-က်စေနိုင်သည့်အပြင် ပြည်သူလူထုနှင့် အစိုးရအကြား...

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း ကာကွယ်ဆေးများစနစ်တကျထိုးနှံမှုခံယူခြင်းဖြင့်ကာကွယ်နိုင်သည်ဟု ပြောသည်။ ထို့အတူ ပြည်သူ့ဆေးရုံများတွင်လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကို အသည်းအရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပေးခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို လေးကြိမ်ထိုးနှံပေးခြင်းများဖြင့် အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကို ကာကွယ်တားဆီးပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းများကို လူနာများအတွက်အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှုပိုမိုဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၄ ရက်မှ ၅ ရက်အထိကျင်းပသွားမည်ဖြစ်ကာ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071