ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းအ တွင်း၌ ကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊အောင်မင်္ဂလာအဝေးပြေးခရီးသည်တင်ကားဝင်းအတွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်(ယနေ့)နံနက် ၁၀ နာရီခန့်က ကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အဝေးပြေးဝင်းအတွင်းနေသူများထံမှ သိရသည်။
အောင်မင်္ဂလာအဝေးပြေးဝင်း၏ အဝေးပြေးခ ရီးသည်တင်ကားဂိတ်တစ်ခုရှေ့၌ရပ်ထားသည့် ကားတစ်စီးပေါ်ရှိ ပါဆယ်ပစ္စည်းများအတွင်းမှပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဗုံးပေါက်တဲ့ကားပေါ်မှာက နယ်ကနေပို့လိုက်တဲ့ပါဆယ်ပစ္စည်းတွေကို အောင်ဆန်းကွင်းကဂိတ်ကိုသွားပို့ဖို့တင်နေတဲ့အချိန်ပေါက်ကွဲတာ ပေါက် ကွဲသံအကျယ်ကြီးကြားရလို့ထွက်ကြည့်တော့ ကားကပျက်စီးတာတွေတော့ရှိတယ်”ဟု အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းဂိတ်တစ်ခု၏ ဝန် ထမ်းတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ပါဆယ်ပို့မည့်ကားအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ကြောင်း အဝေးပြေးဝင်းနေသူများထံမှသိရသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ကာ အောင်မင်္ဂလာအဝေးပြေးဝင်း၏ အဝင်အထွက်များတွင်လည်း တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Zaw Gyi
ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာအေဝးေျပးကားဝင္းအ တြင္း၌ ကားတစ္စီးေပၚတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြား
ရန္ကုန္ၿမိဳ႕၊မဂၤလာဒုံၿမိဳ႕နယ္၊ေအာင္မဂၤလာအေဝးေျပးခရီးသည္တင္ကားဝင္းအတြင္း၌ ေဖေဖာ္ဝါရီ ၁၄ ရက္(ယေန႔)နံနက္ ၁၀ နာရီခန္႔က ကားတစ္စီးေပၚတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု အေဝးေျပးဝင္းအတြင္းေနသူမ်ားထံမွ သိရသည္။
ေအာင္မဂၤလာအေဝးေျပးဝင္း၏ အေဝးေျပးခ ရီးသည္တင္ကားဂိတ္တစ္ခုေရွ႕၌ရပ္ထားသည့္ ကားတစ္စီးေပၚရွိ ပါဆယ္ပစၥည္းမ်ားအတြင္းမွေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
“ဗုံးေပါက္တဲ့ကားေပၚမွာက နယ္ကေနပို႔လိုက္တဲ့ပါဆယ္ပစၥည္းေတြကို ေအာင္ဆန္းကြင္းကဂိတ္ကိုသြားပို႔ဖို႔တင္ေနတဲ့အခ်ိန္ေပါက္ကြဲတာ ေပါက္ ကြဲသံအက်ယ္ႀကီးၾကားရလို႔ထြက္ၾကည့္ေတာ့ ကားကပ်က္စီးတာေတြေတာ့ရွိတယ္”ဟု အေဝးေျပးခရီးသည္တင္ယာဥ္လိုင္းဂိတ္တစ္ခု၏ ဝန္ ထမ္းတစ္ဦးကေျပာသည္။
ဗုံးေပါက္ကြဲမႈေၾကာင့္ ပါဆယ္ပို႔မည့္ကားအနည္း ငယ္ပ်က္စီးခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈမ်ားမရွိခဲ့ေၾကာင္း အေဝးေျပးဝင္းေနသူမ်ားထံမွသိရသည္။
အခင္းျဖစ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ကာ ေအာင္မဂၤလာအေဝးေျပးဝင္း၏ အဝင္အထြက္မ်ားတြင္လည္း တားဆီးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။
