မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများကကြီးမှူး၍ ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေး
ဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယ မိတ်ဆုံစားပွဲကို ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ကျင်းပခဲ့သည်။
အဆိုပါ အခမ်းနားသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ပြီး စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံလာရောက်စဉ်အသုံးပြုခဲ့သည့် လှည့်လည်ယာဉ်များ၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံလာရောက်စဉ်ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယို၊ နိုင်ငံတော်ယာယီသမ္မတနှင့် ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့၏ ခရစ္စမတ်ဆု တောင်းပွဲများနှင့် မိတ်သဟာယပွဲတော်များကျင်းပခဲ့မှု မှတ်တမ်းဗီဒီယိုတို့အားကြည့်ရှုခဲ့သည်။
ထို့နောက် ခရစ်တော်ကိုမျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးဖိုးဖိုးလှက အဖွင့်ဆုတောင်းစကားပြောကြားပြီး နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီး၊ တက်ရောက်လာကြသူများက ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ တေးသံရှင် ပန်းရောင်ခြယ်မှ ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းအား သီဆိုခဲ့သည်။
ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ ဘာသာတရားသည် အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံစည်းမျဉ်းများသဖွယ်တွေ့မြင်ကြရမည်ဖြစ်ကာ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်း ချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ကို လေးလေးနက်နက်ယုံကြည်သည်ဟု ပြောကြားခဲ့သည်။
“ဘာသာတရားတွေရဲ့ အဆုံးအမတွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်တွေကသာ ဒုစရိုက်တရားတွေကို ပယ်ဖျက်နိုင်မှာဖြစ်ပြီး လွှမ်းခြုံလာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အေးချမ်းသာယာတဲ့ ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော်အတွင်းကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအ ခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်း ကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သောအ ခွင့်အရေးတို့ကိုအညီအမျှရရှိစေရမည်”ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ရာ မည်သည့်ဘာသာကိုမဆိုလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ် သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယမိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြသည်။
