မန္တလေး ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ကွန်ဒိုများတွင် ငလျင်အာမခံထားရှိမှုများပြားလာကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ သိရသည်။
သဘာဝဘေး အာမခံထားရှိမှု အပေါ်ပြည်သူများ စိတ်ဝင်စားမှုများလာပြီး ငလျင်အာမခံထားရှိမှုအား ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများနှင့် ကွန်ဒိုများတွင် နေထိုင်သူများ ပိုမိုထားရှိလာကြောင်း သိရသည်။
သဘာဝဘေး အာမခံထားရှိမှုနှင့် ပတ်သက်၍ ယခင်ထက် (၄)ဆခန့်မြင့်တက်လာပြီး ငလျင်အာမခံထားရှိလိုပါက မီး အာမခံကို ကနဦးထားရှိပြီးမှသာ ယူရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မီးအာမခံနှင့်ပတ်သက်၍ အာမခံထားရှိမှု အစောင်ရေ (၁,၆၀၀) ခန့်ရှိပြီး ယင်းမှ မြေငလျင်အတွက် အာမခံထားရှိမှု အစောင်ရေ (၅၀၀) ခန့်ရှိကြောင်း သိရသည်။
ယခင်က အိမ်နှင့်ပတ်သက်ပြီး ဝယ်ယူထားသူများအနေဖြင့် မီးအာမခံနှင့် ငလျင်အာမခံ ထားသူများရှိခဲ့သော်လည်း အများစုမှာ မီးအာမခံ ထားသူများကာ ငလျင်ဘေးနှင့် ပတ်သက်ပြီး ထားရှိသူ နည်းပါးကြောင်း သိရသည်။
