Friday, April 3, 2026

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့်...

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့်...

သင်္ကြန်ပိတ်ရက်အတွင်း မြန်မာ့မီးရထားလမ်းကြောင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း...

သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsရန်ကုန်မြို့နှင့်မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့် ၅၀၀...

ရန်ကုန်မြို့နှင့်မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ် ဆက်ခြင်းလုပ်ငန်းများဆောက်ရွက်

တောင်ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊တောင်ငူပင်မ ဓာတ်အားခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ် ငန်းများဆောင်ရွက်နေမှုကို လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်း၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ် ငန်းများဆောင်ရွက်စဉ် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့်လျော့နည်းနေမည်ဖြစ်၍ ဝန်အားလျှော့ခြင်းဆောင်ရွက်ထားရသဖြင့် သတ်မှတ်အချိန်အတွင်းပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့နောက် တောင်ငူပင်မဓာတ်အားခွဲရုံရှိ ဓာတ် အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းအဝင်/အထွက်ပြုလုပ်နိုင်ရေး Switch Bay များတိုးချဲ့တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်းအား လက်ရှိတွင် ရွှေလီနှင့်ရဲရွာရေ အားလျှပ်စစ်စက်ရုံများမှထွက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို ၂၃၀ ကေဗွီ ဘဲလင်း- သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝခွဲရုံမှတဆင့် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီးလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူဓာတ်အားလိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ်ရှိ၍ System Break Down မဖြစ်စေရန် ဓာတ်အားစ နစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိပို့လွှတ်ခဲ့ရသည်။

ယခုအခါ ၂၃၀ ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)ဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီဓာတ်အားလိုင်း ၁၄ မိုင် တည်ဆောက်ခြင်း၊ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက် ခြင်းနှင့် ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ)ဓာတ် အားခွဲရုံမှ ၂၃၀ ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက်ခြင်းလုပ်ငန်းများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၃၂၅ ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ဆောင်ရွက်ပြီးပါက သပြေဝပင်မဓာတ်အားခွဲရုံမှ တောင်ငူပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ် အားကို တိုက်ရိုက်ချိတ်ဆက်ပို့လွှတ်နိုင်မည်ဖြစ်ကာ ယခင် ဓာတ်အားထိန်းညှိပို့လွှတ်ခဲ့ရသည့် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့်သပြေဝ-သာစည်-ပျဉ်းမနား-သဲဖြူ- တောင်ငူ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဝန်အားထိန်းညှိပို့လွှတ်စရာမလိုတော့ဘဲ ရွှေလီနှင့်ရဲရွာရေအားစက်ရုံမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်မြန် မာပြည်တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံ

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်းများထံမှရရှိသည့် ခိုင်လုံမှုမရှိသောသတင်းအ ချက်အလက်များကိုအခြေခံသည့် ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာစိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  ပြည်တွင်းငြိမ်းချမ်းရေး၊...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု အသိပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ယာယီဆက်သွယ်အသုံးပြုလိုပါက ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071