ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။
ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈) နာရီမှ(၁၂)နာရီအထိတစ်ကြိမ်၊ မွန်းလွှဲ (၂)နာရီမှ (၄)နာရီအထိ တစ်ကြိမ် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ လေးထပ်ဆောင်သစ် မြေညီထပ်တွင် ကြည့်ရှု ကုသပေးလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ ပြင်ပလူနာဌာနအား ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (New YGH)လေးထပ်ဆောင်သစ်သို့ ဧပြီ (၁၀) ရက်မှစတင်ကာ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လေ့ကျင့်ခန်များဖြင့် ကုသခြင်း၊ စက်များဖြင့် ကုသခြင်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။