Thursday, June 25, 2026

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး...

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင်...

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့်...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက...

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ...

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀...

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန် ၂၄ ရက်တွင် တိုက်တွန်းခဲ့ပြီး...
HomeNewsLocal Newsရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားနိုင်ငံ Napalkov...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားနိုင်ငံ Napalkov Cancer Centre မှ Professor ဦးဆောင်သည့်အဖွဲ့လာရောက် လူနာ(၇)ဦးကိုကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Centre မှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဗလာဒီမာမိုရီ ဆေးယန်ကိုနှင့်အဖွဲ့သည် အောက်တို ဘာ ၁၄ ရက် မွန်းလွဲပိုင်းကလာရောက်ခဲ့သည်။

၎င်းတို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လက စိန့်ပီတာစဘတ်မြို့ Napalkov Cancer Centre ၌ မျက်လုံးကြွက်သားကင်ဆာခွဲစိတ်ကုသမှုခံယူခဲ့သော ပုသိမ်မြို့နေ အသက် (၂၂)နှစ်အရွယ် အမျိုးသားလူနာအားတွေ့ဆုံ၍ ရောဂါတိုးတက်မှုအားကြည့်ရှုခဲ့သည်။

ထို့နောက် အထွေထွေခွဲစိတ်ကုဌာန၊ ကင်ဆာဆေးကုဌာနနှင့် ဓာတ်ရောင်ခြည်ကုဌာနများမှ ကင်ဆာရောဂါခံစားနေရသော သံဃာတော်(၁)ပါးအပါအဝင် လူနာ(၇) ဦးကိုကြည့်ရှုစစ်ဆေး၍ လူနာများအတွက် ပိုမိုသင့်တော်ကောင်းမွန်သည့်ကုထုံးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခအထူးကုဆရာဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ 

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာများအားကုသပေးနေမှု၊ ကင်ဆာဝေဒနာရှင်များအား ဆေးကုသပေးနေမှ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာကုဌာနအပါအဝင် ရောင်ခြည်ဖြင့်ကုသပေးနေမှုတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကင်ဆာရောဂါဆိုင်ရာဆေးပညာများနှင့်ပတ်သက်၍ Professor Dr. Moiseyenko က“Why We Cannot Cure Cancer: The Role of Chemotherapy and Immunotherapy in Solid Tumors” ခေါင်းစဉ်၊ Dr. Tatiana Sharabura – က“Stereotactic Body Radiotherapy” ခေါင်းစဥ်တို့ဖြင့် ဆေးပညာနှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လမ်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် လမ်းဒီဇိုင်းစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လျာထားလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာများတွင် ရေကျော်ပိုက် (Culvert) များ တည်ဆောက်ထားရန် မှာကြားခဲ့သည်။ ထို့ပြင် မိုးရာသီကာလအတွင်း တောင်ပြိုကျမှုများကြောင့်...

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၄ နှင့် တိုင်း(သို့)ပြည်နယ်အ စိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဃ)တို့အရ ဒေါ်အေး အေးသန်းအား တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမိန့်အမှတ် ၅၉ / ၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊...

AI ခေတ်နှင့် ကိုက်ညီစေရန် တရုတ်တက္ကသိုလ်များက ခေတ်မမီသော ဘွဲ့ဒီဂရီအစီအစဉ် ၁၂,၀၀၀ ကျော် ပြုပြင်ပြောင်းလဲ

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နှင့် အနာဂတ်နည်းပညာကဏ္ဍများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အဆင့်မြင့်ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ခေတ်မမီတော့သည့် ဘွဲ့ဒီဂရီအစီအစဉ်များကို လျှော့ချကာ နည်းပညာအခြေပြု ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ တရုတ်ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ရှင်းဟွာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်တက္ကသိုလ်များသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ် ၁၂,၂၀၀ ခုကို ဆိုင်းငံ့ထားပြီး ဘွဲ့ဒီဂရီအစီအစဉ် ၁၀,၂၀၀ ခုကို ဖျက်သိမ်းခဲ့ရာ တက္ကသိုလ်ဘာသာရပ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071