ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ထိုကဲ့သို့ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေး၌ ဟိုတယ်အဆောက်အဦး တည်ဆောက်ခွင့် (၂) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် (၃) ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၅၁) ခု၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၁၅) ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တည်းခိုဆောင်လုပ်ငန်း လိုင်စင်အသစ်(၁)ခု၊ သက်တမ်းတိုး(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်(ပြည်တွင်း/ပြည်ဝင်)(၄၀)ခု ၊(ပြည်ပ)(၂၁)ခု၊ ခရီးလှည့်လည်ရေး(ပြည်တွင်း/ပြည်ဝင်)သက်တမ်းတိုး(၁၈၂)ခု၊(ပြည်ပ)(၄၆)ခု၊ ဧည့်လမ်းညွန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး(၁၅၄)ခု၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသစ်(၁၁)ခု၊ သက်တမ်းတိုး(၄)ခုတို့အား အတည်ပြုပေးနိုင်ခဲ့သည်။
အဆိုပါ လုပ်ငန်းများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ်(၉၈၇၈.၉၅၀)သန်းနှင့် လုပ်သားအင်အား(၂၂၃)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ- Yangon Region News
