Thursday, June 5, 2025

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀...

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ်...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့...

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို...

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊...
HomeNewsLocal Newsရန်ကုန်တွင် လျှပ်စစ်ကားအားသွင်းမည့် နေရာ...

ရန်ကုန်တွင် လျှပ်စစ်ကား
အားသွင်းမည့် နေရာ (၅) ခုတည်ဆောက်မည်ဖြစ်ပြီး အချိန်မီပြီးစီးအောင် လုပ်ဆောင်ရန် မြို့တော်ဝန်မှာကြား

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသွားမည့် လျှပ်စစ်ကားများ အားဖြည့်ရမည့် နေရာ (၅) ခု တည်ဆောက်သွားမည်ဖြစ်ပြီး အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက မှာကြားထားကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက် နံနက်ပိုင်းက သီရိမင်္ဂလာဈေးသစ်အနီးတွင် စတင်ဆောင်ရွက်နေသည့် EV Car Charging Station တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်များအဖြစ် စမ်းသပ်ပြေးဆွဲမည့် လျှပ်စစ်ကားများ အားဖြည့်တင်းနိုင်ရန် Charging Station တည်ဆောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာဈေးရှေ့ရှိ ယာဉ်ရပ်နားကွင်းတွင် အလျား ၁၃၀ ပေ၊ အနံ ၆၅ ပေရှိ မြေနေရာ၌ EV Car Charging Station အား စတင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ မြို့တော်ဝန်က သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများလည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်နှင့် နေပြည်တော်တွင် အငှားယာဉ်အဖြစ် စတင်စမ်းသပ်ပြေးဆွဲသွားနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၁) ရက်က နေပြည်တော် သ‌ပြေကုန်းဈေးတွင် တည်ဆောက်မည့် EV Car Charging Station တွင် အသုံးပြုမည့် EV Charger 60KW (၅) စုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဖေဖေါ်ဝါရီ (၇) ရက်ကလည်း EV Charger 60 kw (၅)စုံ နှင့် 200 kw (၂)စုံ MITT ဆိပ်ကမ်းမှတဆင့် ပထမအကြိမ် ရောက်ရှိထားကြောင်း သိရသည်။

နစက အနေဖြင့် လျှပ်စစ်ကား တင်သွင်းမှုနှင့်ပတ်သက်၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲစည်းထားပြီး ယင်းကော်မတီက ရွေးချယ်သည့် ကုမ္ပဏီများကို လျှပ်စစ်ကားတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တင်သွင်းလာသည့် EV Charger များကိုလည်း အဆိုပါ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စီစစ်ခွင့်ပြုခဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစက လက်အောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး‌ပေါ်မှ နေရာ (၅) ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် နေရာ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၀)မိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ် နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင် (၃၅၂/ ၃) စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်သွားမည်ဟုလည်း ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း ကာကွယ်ဆေးများစနစ်တကျထိုးနှံမှုခံယူခြင်းဖြင့်ကာကွယ်နိုင်သည်ဟု ပြောသည်။ ထို့အတူ ပြည်သူ့ဆေးရုံများတွင်လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကို အသည်းအရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပေးခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို လေးကြိမ်ထိုးနှံပေးခြင်းများဖြင့် အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကို ကာကွယ်တားဆီးပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းများကို လူနာများအတွက်အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှုပိုမိုဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၄ ရက်မှ ၅ ရက်အထိကျင်းပသွားမည်ဖြစ်ကာ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀ ဦး ဒဏ်ရာရရှိ

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers Bengaluru (RCB) ၏ ပထမဆုံး အိန္ဒိယပရီးမီးယားလိဂ် ချန်ပီယံဖလားအနိုင်ရ၍ အောင်ပွဲခံရန် ထောင်ပေါင်းများစွာသော ခရစ်ကတ်ပရိသတ်များစုဝေးရောက်ရှိလာချိန်တွင် လူအုပ်ပြိုခဲ့ခြင်း ဖြစ်သည်။ "ဒဏ်ရာရသူတွေကို Bowring ‌and Lady Curzon ဆေးရုံနဲ့ Vaidehi ဆေးရုံတွေမှာတင်ထားပါတယ်။ ခုနှစ်ဦးကတော့ Bowring ဆေးရုံမှာ​ေ-သဆုံးသွားခဲ့ပြီး ကျန်လေးဦးကတော့ Vaidehi ဆေးရုံအရောက်မှာအသ-က်ဆုံးရှုံးခဲ့တာပါ" ဟု နူးဒေလီအခြေစိုက်...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ကျပ် (၅,၀၀၀)နှုန်းဖြင့် လိုသ၍ ဝယ်ယူနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ(၄)ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျင် ကျပ် ၅,၀၀၀ နှုန်းဖြင့် လိုသဝယ်ယူရရှိသည်ဟု ဒေသခံသတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ပြီးခဲ့ မေ (၁၁) ရက်မှ ဇွန် (၃) ရက်အထိ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဝယ်ယူနေရာမှ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လားရှိုးမြို့တွင် စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီအပါအဝင် ဒီဇယ်ဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ " အသောက၊ ပတ္တမြား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071